သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်ခရီးသည်တင်လေယာဉ်ကြီး ဘရာဇီးကမ်းလွန်ပိုင်းမှာ ပျောက်ဆုံး


လူ ၂၀၀ ကျော်လိုက်ပါသွားတဲ့ Air France ပြင်သစ်လေကြောင်း ခရီးသည်တင် လေယာဉ်ကြီးတစင်း ဘရာဇီးနိုင်ငံ ကမ်းလွန် ကီလို ၃၀၀ အကွာလောက်မှာ ပျောက်ဆုံးနေတယ်။ အဲဒါကို ရှာဖွေနေကြပါတယ်၊ ကယ်ဆယ်ရေးလုပ်ငန်းများလည်း အသင့် တပ်လှန့်ထားတယ်လို့ ဆိုပါတယ်။

ခရီးသည် ၂၁၆ ယောက် နဲ့ လေယာဉ်ဝန်ထမ်း ၁၂ ယောက် လိုက်ပါသွားတဲ့ Airbus 330 လေယာဉ်ကြီး ရိုင်ရို ဒီ ဂျန်နဲရို (Rio de Janeiro) မြို့ကနေ ပဲရစ်မြို့ကို ပျံသန်းသွားတာဖြစ်ပြီး ရေဒီယိုအဆက်အသွယ် ပြတ်တောက်နေပြီး ချားလ်စ် ဒီ ဂေါလ် (Charles de Gaulle) လေဆိပ်ကို သက်ဆင်းရမယ့်အချိန်မှာ မရောက်လာခဲ့ဘူးလို့လည်း သတင်းများမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG