သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Back စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီတပတ်တင်ပြပေးသွားမယ့် အီဒီယံအသုံးအနှုန်းများကတော့ back bone, backslide နဲ့ back seat driver တို့ဖြစ်ပါတယ်။

Backbone - ဒီစကားလုံးရဲ့ လုံးကောက်အဓိပ္ပါယ်ကတော့ ကျောရိုး ဖြစ်ပါတယ်။ ကျောရိုးဟာ တနည်းဆို စိတ်ဓါတ်ခိုင်မာမှု၊ အားမာန်၊ သတ္တိရှိမှု တို့ကို ရည်ညွှန်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်ပြီး ပေးထားတဲ့ ဥပမာကတော့
"Two years ago, my sister Susie broke both legs in a ski accident. The doctor said she never skis again. But, she has plenty back bone. She took a physical therapy, and back on ski like before."

"လွန်ခဲ့တဲ့ ၂ နှစ်က ကျနော့်ညီမ Susie နှင်းလျှောစီးရာက မတော်တစဖြစ်လို့ ခြေထောက်နှစ်ချောင်းစလုံး ကျိုးသွားခဲ့တယ်။ ဆရာဝန်ကတော့ သူဘယ်တော့မှ နှင်းလျှောပြန်မစီးနိုင်တော့ဘူးလို့ ပြောခဲ့တယ်။ ဒါပေမဲ့ သူကသိပ်ကို စိတ်ဓါတ်ခိုင်မာတယ်။ ကိုယ်လက်လေ့ကျင့်ခန်းယူ ကုသတဲ့အတွက် အခုတော့ အယင်ကအတိုင်း နှင်းလျှောပြန်စီးနိုင်ပြီ။"

Backslide (backsliding) - ဒီအသုံးက စာရိတ္တကို ရည်ညွှန်မယ်ဆိုရင် မြန်မာစကားပုံအတိုင်း ခွေးမြီးကောက် ကျည်တောက်စွပ် ဆိုတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ ဥပမာအားဖြင့် ဆေးလိပ်ဖြတ်မယ်၊ အရက်ဖြတ်မယ်လို့ ပြောပေမယ့် စိတ်မထိန်း ပြောသလိုမနေနိုင်တဲ့လူ၊ တနည်းအားဖြင့် စိတ်ဓါတ်မခိုင်မာတဲ့လူ၊ စိတ်လျှော့ပြီး ပြုပြင်သင့်တာကို ဖြစ်အောင်မလုပ်နိုင် အကျင့်ဆိုးကို မဖျောက်နိုင်တယ်လူမျိုးကို ခေါ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်ပြီး ပေးထားတဲ့ ဥပမာကို ကြည့်ရအောင်
"I don't know what to do about my wife. She has an awful cough from smoking, and she is trying to stop it dozen times. But, after a couple of weeks she backslides and starts puffing away again."

"ကျနော့်အမျိုးသမီးနဲ့ ပတ်သက်ပြီး ကျနော် ဘာမှမတတ်နိုင်ဖြစ်နေတယ်။ ဆေးလိပ်တွေသောက်လို့ ချောင်းတွေအရမ်းဆိုးနေတယ်။ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားခဲ့တာလည်း အကြိမ် ဒါဇင်ပေါင်းများစွာပါပဲ။ ဒါပေမယ့် သတင်းပတ်အနည်းငယ်အကြာမှာ သူ့အကျင့်ဆိုးပြန်စပြီး ဆေးလိပ်ပြန်ဖွာတော့တယ်။"

Back seat driver - Back (နောက်တန်း)၊ Seat (ခုံ)၊ Driver (ကားမောင်းသမား)။ ကားနောက်ခံမှာထိုင်ပြီး ကားမောင်းသူလို့ တိုက်ရိုက်ပြန်ဆိုနိုင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေကို သရော်တဲ့ အသုံးအနှုန်းဖြစ်ပါတယ်။ ဒါပေမဲ့ ယောကျ်ားတွေလည်း ကိုယ့်ဇနီး၊ သမီးတွေ ကားမောင်းနေရင် စိတ်ပူတာတမျိုး၊ စိတ်မချတာတမျိုး၊ ဆရာလုပ်ချင်တာတမျိုး ပြောဆိုလုပ်ကိုင်တာကိုလည်း back seat driver လို့ ပြောဆိုနိုင်ပါတယ်။ အဓိပ္ပါယ်ကတော့ ကားနောက်ခန်းမှာ ထိုင်ပြီး ဆရာလုပ်ပြောဆိုလုပ်ကိုင်တာကို ဆိုလိုပါတယ်။

ဒီအသုံးနဲ့ ပတ်သက်ပြီး ပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်
"Why don't you pass the car in front. He is going too slow. Look out do you see the car coming out of that side street. Uh Oh! better slow down the light turning red ahead. I'm getting to be a back seat driver."

"အရှေ့က ကားကို ကျော်လိုက်ပါလား။ ရှေ့က ကားမောင်းသူက သိပ်နှေးတာပဲ။ သတိထား ဟိုဖက်လမ်းကြားကနေ ကားထွက်လာတာ မြင်ရဲ့လား။ အို အရှိန်လျှော့ပါဦး ရှေ့မှာ မီးကနီတော့မယ်။ ကိုယ်လည်း နောက်ခန်းခုံကနေ ကားမောင်းသမား ဖြစ်လာပြီ။"

ဆက်စပ်သတင်းများ ...

XS
SM
MD
LG