သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမား အရှေ့အလယ်ပိုင်းခရီးစဉ် စတင်


D-Day ကျူးကျော်မှု (၆၅) နှစ်မြောက် အခမ်းအနားကို တက်ရောက်ဖို့၊ ပြီးတော့ အဓိက မဟာမိတ်တွေနဲ့ တွေ့ဆုံဖို့နဲ့ မူစလင်ကမ္ဘာနဲ့ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံမှုလုပ်ဖို့ နိုင်ငံအများအပြားဆီ သွားရောက်မယ့် ၆ ရက်ကြာ ခရီးစဉ်အတွက် အမေရိကန်သမ္မတ ဘားရက် အိုဘားမား ဟာ ဝါရှင်တန်မြို့တော်ကနေ မကြာခင်ကပဲ စတင်ထွက်ခွာသွားပြီ ဖြစ်ပါတယ်

မစ္စတာ အိုဘားမား ဟာ ဆော်ဒီအာရေဗျ၊ အီဂျစ်၊ ဂျာမဏီ နဲ့ ပြင်သစ်နိုင်ငံတို့ဆီ ဝင်ရောက်မှာပါ။ မူစလင်ကမ္ဘာ နဲ့ အမေရိကန် ဆက်ဆံရေး တိုးတက်အောင် ကြိုးပမ်းမှုရဲ့ တစိတ်တပိုင်း အဖြစ်နဲ့ အခုလို သွားရောက်တာဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောပါ တယ်။ အခုလို ခရီးထွက်လိုက်လို့တော့ အစစအရာရာ ပြေလည်သွားမှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ရေရှည် ဆောင်ရွက်မှုရဲ့ တစိတ်တပိုင်းပါလို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

မစ္စတာ အိုဘားမား ဟာ ဝါရှင်တန်မြို့တော် ဒဲလက်ဇ် လေဆိပ်ကနေ အင်္ဂါနေ့ ညနေပိုင်းမှာ ထွက်ခွာသွားပြီး သူဟာ ဆော်ဒီ အာရေဗျ နိုင်ငံ ရီးယက် မြို့တော်မှာ ပထမဦးဆုံး ရောက်ရှိမှာဖြစ်ပြီးတော့ ဘုရင် အဘ်ဒူလာ နဲ့ ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ကြာသပတေးနေ့ကျရင်တော့ မစ္စတာ အိုဘားမား ဟာ အီဂျစ်နိုင်ငံ ကိုင်ရို မြို့တော်ကို သွားရောက်ပြီး အများက မျှော်လင့် နေမယ့် မူစလင်ကမ္ဘာကို ရည်ညွှန်းတဲ့ မိန့်ခွန်းတခု ပြောကြားဖို့ ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG