သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းသင့်ဒေသလယ်သမား အခက်အခဲကြားက မလွတ်သေး


ဇွန် ၁၊ ၂၀၀၉ - ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး နာဂစ်မုန်တိုင်းကြီး မြန်မာနိုင်ငံမှာ တိုက်ခတ်ခဲ့တာ တနှစ်ကျော်သွားပါပြီ။ နိုင်ငံတကာရဲ့အကူအညီနဲ့ ကူညီကယ်ဆယ်ရေးတွေ၊ ပြန်လည်ထူထောင်ရေးတွေ ဒေါ်လာသန်းပေါင်းများစွာ၊ ကျပ်ငွေ သန်း ထောင်ပေါင်းများစွာသုံးစွဲပြီး လုပ်ဆောင်ပေးခဲ့၊ ပေးနေဆဲဆိုတာကိုလည်း သတင်းတွေထဲမှာ တွေ့နေရပါတယ်။ ဒါပေမယ့်လည်း မုန်တိုင်းသင့် လယ်သမားတွေမှာတော့ လုံး၀ ပြန်ပြီး နာလန်ထူလာနိုင်တဲ့အခြေအနေမှာ မရှိသေးဘဲ အခက်အခဲတွေ ရင်ဆိုင်နေ ရဆဲ ရှိပါသေးတယ်။

မုန်တိုင်းဒဏ်သင့်ဒေသကလူထုအတွက် ပြန်လည်ထူထောင်ရေးအကူအညီတွေ အမြန်ဆုံးပေးအပ်ကြပါလို့ အခုနောက် ဆုံး မေတ္တာရပ်ခံတောင်းဆိုခဲ့သူကတော့ ကုလသမဂ္ဂ ကလေးသူငယ်များ အရေးပေါ်ရန်ပုံငွေအဖွဲ့ UNICEF ရဲ့ ဒုတိယ အမှုဆောင်ညွှန်ကြားရေးမှူး မစ္စ Hilde F. Johnson ဖြစ်ပါတယ်။ သူဟာ မကြာသေးခင်ကမှ မုန်တိုင်းဒဏ်သင့်ဒေသတွေကို လှည့်လည်သွားလာပြီး အခြေအနေကို ကြည့်ရှုခဲ့သူဖြစ်ပါတယ်။

မုန်တိုင်းဒဏ်သင့်ဒေသအများစုဟာ မြန်မာနိုင်ငံရဲ့ အဓိက စားသုံးသီးနှံ၊ စိုက်ပျိုးသီးနှံဖြစ်တဲ့ ဆန်စပါးစိုက်ပျိုးတဲ့ဒေသတွေပါ။ မုန်တိုင်းကြောင့် ဆားရေတွေဝင်၊ လယ်တွေပျက် ဖြစ်ခဲ့ရတဲ့အပြင် စိုက်ပျိုးရေးထောက်ကူပြုပစ္စည်းတွေပါ ပျက်စီးခဲ့ရတဲ့အတွက် မုန်တိုင်းဝင်ပြီးတဲ့အချိန် လယ်ယာစိုက်ပျိုးရေးတွေကို အင်ပြည့်အားပြည့် မလုပ်နိုင်ခဲ့ကြပါဘူး။ အခု တနှစ်ကျော် ကြာလာပြီးတဲ့ အချိန်မှာရော လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ အခြေအနေ ကောင်းလာပါပြီလား။ မုန်တိုင်းဒဏ်အပြင်းအထန်ခံခဲ့ရတဲ့ ဒေသတွေထဲက တခုဖြစ်တဲ့ ဘိုကလေးမြို့နယ်ဘက်က အခြေအနေကို လယ်ယာလုပ်ငန်းနဲ့နီးစပ်သူ ဒေသခံတဦးနဲ့ ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG