သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာဇီအကျဉ်းစခန်းဟောင်းသို့ အီရန်သမ္မတ သွားလည်သင့်ကြောင်း သမ္မတအိုဘားမား အကြံပြု


အမေရိကန်သမ္မတ ဘရက်အိုဘားမား ဟာ ဂျာမဏီနိုင်ငံ ဘူချန်ဝေါဒ် (Buchenwald) အကျဉ်းစခန်းကို သွားရောက် လည်ပတ် ခဲ့ပါတယ်။ အဲဒီစခန်းမှာ ဒုတိယကမ္ဘာစစ်အတွင်းက ဂျူး ၅၆,၀၀၀ ကို နာဇီတွေက သတ်ခဲ့တာပါ။ မစ္စတာ အိုဘားမား ဟာ ဂျာမန်ခေါင်းဆောင် အိန်ဂျလာ မာကဲလ် (Angela Merkel)၊ နိုဘယ်လ်ဆုရှင်ဖြစ်ပြီး နာဇီတွေ သတ်ဖြတ်မှုကြားထဲက အသက် ရှင်ကျန်ရစ်ခဲ့သူ အယ်လီ ဝိုင်ဆယ်လ် (Elie Wiesel) တို့နဲ့အတူ အဲဒီစခန်းမှာ လွမ်းသူပန်းခွေ ချခဲ့ကြပါတယ်။

အီရန်သမ္မတ မစ္စတာ အမာဒင်နဂျက် ဟာလည်း အဲဒီအကျဉ်းစခန်းကို သွားလည်သင့်တယ်လို့ NBC ရုပ်မြင်သံကြားကို စခန်း သွားမလည်ခင်လေးမှာ ဘားရက်အိုဘားမားက ပြောခဲ့ပါသေးတယ်။

သမိုင်းကို ငြင်းဆိုနေသူတွေအပေါ် စိတ်မရှည်နိုင်တော့ပါဘူးလို့ မစ္စတာ အိုဘားမား က ဆိုပါတယ်။ ဂျူးတွေ အစုလိုက် အပြုံလိုက် အသတ်ခံရတဲ့သမိုင်းဟာ မှန်းဆနေတာ မဟုတ်ပါဘူးလို့ သူက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG