သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမား ဥရောပ ခရီးဆက်


အရှေ့အလယ်ပိုင်းဒေသကို ခရီးထွက်သွားပြီးတော့ ဥရောပဘက်ကို လှည့်လာခဲ့တဲ့ အမေရိကန်သမ္မတ ဘားရက် အိုဘားမား ဟာ အခု ပြင်သစ်နိုင်ငံကို ရောက်နေပါပြီ။ သူဟာ ဒုတိယကမ္ဘာစစ်အတွင်း နာဇီတွေ သိမ်းပိုက်ထားတဲ့ နော်မန်ဒီ ကမ်းခြေကို မဟာမိတ်တပ်တွေ ဝင်တိုက်ခဲ့တဲ့ D-Day (၆၅) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား တက်ရောက်မှာ ဖြစ်ပါတယ်။

သမ္မတ အိုဘားမား ဟာ အရှေ့အလယ်ပိုင်းဒေသ အီဂျစ်နိုင်ငံကနေ ဂျာမဏီနိုင်ငံကို အရင် ဝင်ခဲ့တာပါ။ ပြီးမှ ပြင်သစ်နိုင်ငံကို သောကြာနေ့ ညနေပိုင်းမှာ သူ ရောက်ခဲ့တာပါ။

ဂျာမဏီနိုင်ငံမှာတုန်းက ဂျူးတွေကို နှိပ်စက်ခဲ့တဲ့ ဘူချန်ဝေါဒ် (Buchenwald) အကျဉ်းစခန်းကို ဂျာမဏီ ဝန်ကြီးချုပ် အိန်ဂျလာ မာကဲလ်၊ နိုဘယ်လ်ဆုရှင် အီလိုင်းဝိုင်ဆယ်လ် တို့နဲ့အတူ သွားရောက်ခဲ့ပါသေးတယ်။ အီလိုင်ဝိုင်ဆယ်လ် ဟာ ငယ်စဉ်ဘဝက ဘူချန်ဝေါဒ် အကျဉ်းစခန်းမှာ အကျဉ်းကျခံခဲ့ရသူ တဦး ဖြစ်ပါတယ်။ သူ့ရဲ့ အဖေဖြစ်သူကတော့ အဲဒီ အကျဉ်း စခန်းထဲမှာပဲ သေဆုံးသွားခဲ့ကြရတဲ့ လူပေါင်း ၅၆,၀၀၀ ထဲက တဦး ဖြစ်ပါတယ်။

သမ္မတ ဘရက် အိုဘားမား ဟာ လူတွေကို မီးရှို့သတ်ဖြတ်ခဲ့တဲ့ မီးဖိုကြီးတွေနဲ့ အကျဉ်းသားတွေ နေခဲ့ရတဲ့ အဆောင်တွေကို မြင်သွားခဲ့ရပြီးတော့ ဒါတွေဟာ စိတ်ကူးလို့တောင် မဖြစ်တဲ့အခြေအနေတွေပဲလို့ ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG