သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ် ထိုးစစ်ကြောင့် ကရင်တိုင်းရင်းသား ၃,၀၀၀ ကျော် ထိုင်းနယ်စပ် ထွက်ပြေး


အစိုးရစစ်တပ်က ကရင့်တပ်မတော် KNU ကို ထိုးစစ်ဆင်လို့ မြန်မာ ၃,၀၀၀လောက် ထိုင်းနယ်စပ်ကျော်ဖြတ်ပြီး ထိုင်းနိုင်ငံ အတွင်း ဝင်ရောက်ခဲ့ကြတယ်လို့ ထိုင်းစစ်တပ်နဲ့ ထောက်ပံ့ရေးအဖွဲ့များက ဆိုပါတယ်။

ကရင်ပြည်နယ် လယ်ပေါ်ဟွာ ဒုက္ခသည်စခန်းက အရပ်သား ၃,၂၉၅ ယောက် အနီးအနားက အစိုးရစစ်တပ်က လက်နက်ကြီး များနဲ့ ပစ်ခတ်လို့ ထွက်ပြေးခဲ့ကြကြောင်း ထိုင်းနိုင်ငံအခြေစိုက် Free Burma Rangers ထောက်ပံ့ရေးအဖွဲ့က ကြေညာ ပါတယ်။

နှစ်နိုင်ငံနယ်စပ်မှာ မြန်မာစစ်တပ်နဲ့ KNU တို့ တိုက်ခိုက်ကြလို့ ကရင်တိုင်းရင်းသား ၃,၀၀၀ ကျော် ထိုင်းနိုင်ငံတွင်းကို ထွက်ပြေးလာကြကြောင်း ထိုင်းစစ်တပ်ကလည်း ဆိုပါတယ်။

မြန်မာစစ်တပ်က ဒီကေဘီအေခေါ် ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာတပ်ဖွဲ့များ အကူနဲ့ ကေအန်ယူကို အရင် သီတင်းပတ် ကတည်းက တိုက်ခိုက်နေကြတယ်လို့ ထိုင်းအခြေစိုက် ထောက်ပံ့ရေးအဖွဲ့များကလည်း ပြောဆိုကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG