သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုကို စတင် ဖမ်းဆီးကတည်းက ဥပဒေနဲ့ မညီကြောင်း အကျိုးဆောင်ရှေ့နေတွေ ချေပ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက တရားစွဲဆိုထားတာနဲ့ ပတ်သက်လို့ ၂၀၀၃ ခုနှစ် ဒီပဲယင်း တိုက်ခိုက်မှုကြီးအပြီး စတင် ဖမ်းဆီးခဲ့တာကိုက ဥပဒေနဲ့ မညီတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင် ရှေ့နေတွေက ပြောဆိုပါတယ်။ ဒီလို ဥပဒေနဲ့ မညီဘဲ ဖမ်းဆီးထားတဲ့အခြေအနေတွေကို တရားရုံးမှာ တင်ပြဘို့လည်း ပြင်ဆင်နေပါတယ်။

စွဲဆိုထားတဲ့ အမှုနဲ့ ပတ်သက်လို့ မေလ ၁၈ ရက်နေ့ကနေ တရားရုံးမှာ ဆက်တိုက်ကြားနာ စစ်ဆေးတာတွေ ဆက်လုပ်နေပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ထောင်ချဖို့ ပြင်ဆင်ထားတာကြောင့် ဆက်လက်ဖမ်းဆီးနိုင်အောင် အကြောင်းရှာနေတယ်လို့ အန်အယ်လ်ဒီ ခေါင်းဆောင်တွေက သုံးသပ်ပါတယ်။

ရှေ့နှစ် စစ်အစိုးရကျင်းပဖို့ စီစဉ်တဲ့ ရွေးကောက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ အဓိက အဟန့်အတားတခု ဖြစ်နေတယ်လို့ စစ်အစိုးရဘက်က သတ်မှတ်ပုံရတဲ့အကြောင်း အန်အယ်လ်ဒီ ခေါင်းဆောင်တွေက သုံးသပ်ပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရ တရားဆွဲဆိုနေတာဟာ ဒီမိုရေစီရေးအတွက် မကောင်းတဲ့ လက္ခဏာ ဖြစ်ပေမယ့်လည်း နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေအပေါ်မှာတော့ အားရမိတယ်လို့ ဦးဝင်းတင်ကပြောပါတယ်။

ဒီနေ့ မြန်မာပြည် ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ပြည်သူတွေရဲ့ ပါဝင်မ ှု လျော့နည်းသွားပေမယ့် လူထုရဲ့ တိုင်းပြည် ပြောင်းလဲအောင် ပါဝင်ဆောင်ရွက်မယ့် အခန်းကိုတော့ လျော့တွက်လို့ မရဘူးလို့ သုံးသပ်တာဖြစ်ပါတယ်။

မြန်မာစစ်အစိုးရကို ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမ ှုတွေ လုပ်ဆောင်ဖို့ တိုက်တွန်းတဲ့ နိုင်ငံတကာရဲ့ ကြေညာချက်တွေဟာ မထိရောက်သေးရင်တောင် လေးနက်မှုရှိတဲ့ ကြေညာချက်တွေ ဖြစ်တယ်လို့ ဦးဝင်တင်က ခံယူပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG