သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရ ထိုးစစ်ကြောင့် ကရင်ဒုက္ခသည် သုံးထောင်လောက် ထိုင်းဘက် ထွက်ပြေး


မြန်မာစစ်အစိုးရစစ်တပ်က ကေနန်ယူ တပ်ဖွဲ့ဝင်တွေကို ထိုးစစ်ဆင်လို့ မြန်မာ ၃,၀၀၀ လောက် ထိုင်းနယ်စပ်ကျော်ဖြတ်ပြီး ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ခဲ့ကြတယ်လို့ ထိုင်းစစ်တပ်နဲ့ ထောက်ပံ့ရေးအဖွဲ့များက ဆိုပါတယ်။

ကရင်ပြည်နယ် လယ်ပေါ်ဟွာ ဒုက္ခသည်စခန်းက အရပ်သား ၃,၂၉၅ ယောက် အနီးအနားက အစိုးရစစ်တပ်က လက်နက်ကြီးများနဲ့ ပစ်ခတ်လို့ ထွက်ပြေးခဲ့ကြကြောင်း ထိုင်းနိုင်ငံအခြေစိုက် Free Burma Rangers ထောက်ပံ့ရေးအဖွဲ့က ကြေညာပါတယ်။

နှစ်နိုင်ငံနယ်စပ်မှာ မြန်မာစစ်တပ်က KNU ကေနန်ယူ ကရင်အမျိုးသားအစည်းအရုံးကို ထိုးစစ်ဆင် တိုက်ခိုက်တဲ့အတွက် ကရင်တိုင်းရင်းသား ၃,၀၀၀ ကျော် ထိုင်းနိုင်ငံတွင်းကို ထွက်ပြေးလာတယ်လို့လည်း ထိုင်းစစ်တပ်ကလည်း ဆိုပါတယ်။

မြန်မာစစ်တပ်က ဒီကေဘီအေခေါ် ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာတပ်ဖွဲ့ အကူနဲ့ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးကို အရင်သီတင်းပတ်ကတည်းက တိုက်ခိုက်နေကြတယ်လို့ ထိုင်းအခြေစိုက် ထောက်ပံ့ရေးအဖွဲ့များကလည်း ပြောဆိုကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG