သုံးရလွယ်ကူစေသည့် Link များ

လူငယ်နဲ့ စိတ်ကျရောဂါ


ဇွန် ၁၀၊ ၂၀၀၉။ စိတ်ကျရောဂါဆိုတာ ၀မ်းနည်းပူဆွေးမှု အားအင်မပြည့်မှုတွေနဲ့ ဆက်စပ်ပြီး ဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်ဝေဒနာတမျိုးပါ။ ဒါပေမယ့် ရောဂါအခြေအနေဆိုးလာရင်တော့ ကိုယ့်ကိုကိုယ့် သေကြောင်းကြံတဲ့အထိ ဖြစ်စေပါတယ်။ တမ္ဘာလုံးအတိုင်းအတာအရ ဆိုရင် စိတ်ကျရောဂါခံစားရပြီး ကိုယ့်ကိုကိုယ့်သတ်သေတာ နှစ်စဥိ ၈၅၀ ကြိမ်လောက် ရှိပါတယ်။

စိတ်ကျရောဂါဟာ ဆယ်ကျော်သက်တွေကို စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးအများကြီးဖြစ်စေပါတယ်။ လူကြီးပိုင်းမှာ စိတ်ကျဝေဒနာခံစားရသူတွေဟာ ကြီးကောင်ဝင်စ လူငယ်ဘ၀မှာကတည်းက ဒီရောဂါကို စတင် ခံစားတတ်ကြတာဖြစ်တယ်လို့ လေ့လာသူတွေက ယူဆပါတယ်။

စိတ်ကျဝေဒနာဟာ ရာဇ၀တ်မှုတွေလည်း ကျူးလွန်စေပါတယ်။ စိတ်ကျဝေဒနာဟာ လူမှုရေးရာကိစ္စရပ်တွေမှာလည်း ထိခိုက်စေပါတယ်။ လူငယ်တွေမှာဖြစ်လေ့ရှိတဲ့ စိတ်ကျဝေဒနာနဲ့ပတ်သက်ပြီး ဒါဟာ လူငယ်တွေရဲ့ဘ၀အတွက် ဘယ်လောက်ထိခိုက်စလဲဆိုတာကို စိတ်ရောဂါအထူးကုဆရာဝန် ဒေါက်တာမြစံပယ်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG