သုံးရလွယ်ကူစေသည့် Link များ

မြောက်ကိုရီယားကို အရေးယူမှု ပိုတင်းကျပ်မည်


မြောက်ကိုရီးယားနိုင်ငံအပေါ် လက်နက် ပိတ်ပင်ရေး အပါအ၀င် ပြင်းထန်တဲ့ ပိတ်ဆို့ အရေးယူမှု အသစ်တွေ လုပ်ဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက် မူကြမ်းကို လုံခြုံရေး ကောင်စီရဲ့ အရေးပါတဲ့ နိုင်ငံပေါင်း ၇ နိုင်ငံက သဘောတူခဲ့ကြပါတယ်။ သတင်းထောက်တွေ ရရှိခဲ့တဲ့ ဒီ ဆုံးဖြတ်ချက် မူကြမ်းမှာ မြောက်ကိုရီးယား နိုင်ငံရဲ့ နျူကလီးယားနဲ့ တာဝေးပစ် ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုတွေဟာ လုံခြုံရေးကောင်စီရဲ့ ယခင် ဆုံးဖြတ်ချက်တွေကို ချိုးဖောက်တာကြောင့် ပြစ်တင်ရှုတ်ချထားပြီး၊ နောက်ထပ် ပိတ်ဆို့ အရေးယူမှုအသစ်တွေ လုပ်ဖို့ ဖော်ပြထားပါတယ်။ ဒီ ပိတ်ဆို့ အရေးယူမှု အသစ်တွေထဲမှာ မြောက်ကိုရီးယားနိုင်ငံကို လက်နက် ပိတ်ပင်တာကို တိုးချဲ့ဖို့၊ ဘဏ္ဍာရေး ပိတ်ဆို့မှု တွေ အားကောင်းလာအောင်လုပ်ဖို့ နဲ့ မြောက်ကိုးရီးယားနိုင်ငံရဲ့ ကုန်သင်္ဘောတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးတာ တွေ လုပ်ဖို့ကို နိုင်ငံတွေကို အားပေးထားတာတွေ ပါဝင်ပါတယ်။

ဒီလို ကုန်တင်ပို့မှု ကန့်သတ်ချက်နဲ့ ပတ်သက်ပြီးတော့ တရုတ်နိုင်ငံက ကန့်ကွက်ခဲ့ပါတယ်။ ဒီ ဆုံးဖြတ်ချက် မူကြမ်းကို လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံဖြစ်တဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ် နဲ့ ရုရှားတို့က တောင် ကိုရီးယား နဲ့ ဂျပန်နိုင်ငံတို့နဲအတူ ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ အခု ၇ နိုင်ငံက လုံခြုံရေး ကောင်စီ အဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံ စလုံး ဆွေးနွေးနိုင်အောင် ဒီဆုံးဖြတ်ချက် မူကြမ်းကို ဗုဒ္ဓဟူးနေ့မှာ တင်သွင်းခဲ့တာဖြစ်ပြီး၊ ဆုံးဖြတ်ချက်ကို ဒီ သီတင်းပတ် အကုန်မှာ မဲခွဲ ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံရဲ့ စမ်းသပ်မှုကို ဒီ ဆုံးဖြတ်ချက် မူကြမ်းက ပြင်းထန်ပြီး လက်ခံနိုင်လောက်တဲ့ တုံ့ပြန်မှုဖြစ်စေမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဆူဇန် ရိုက်စ် က အစည်းအဝေးအပြီးမှာ ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG