သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားကို အရေးယူရန် လုံခြုံရေးကောင်စီ ဆုံးဖြတ်


အရင်လက နျူကလီးယား လက်နက် စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ မြောက်ကိုရီးယား အစိုးရအပေါ် ကုလလုံခြုံရေး ကောင်စီက ပိတ်ဆို့ ဒဏ်ခတ်အရေးယူမှု တွေကို ပိုပြီးတင်းကျပ်လိုက်ပါတယ်။ လုံခြုံကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံနဲ့ ယာယီအဖွဲ့ဝင် ၁၀ နိုင်ငံတို့က တညီတညွတ်တည်း သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာပါ။

ဒီလို ပိတ်ဆို့ဒဏ်ခတ်မှု တိုးမြှင့်လိုက်တာကြောင့် မြောက်ကိုရီးယားကို အသွား အပြန်လုပ်တဲ့ ကုန်တင်ယာဉ်အားလုံးကို နျူကလီးယားဆိုင်ရာ ပစ္စည်းတွေ ပါမပါ စစ်ဆေးမှာဖြစ်ပါတယ်။ ဒါ့အပြင် မြောက်ကိုးရီးယားကနေ တခြားနိုင်ငံကို လက်နက် တင်ပို့ခွင့်ကို ပိတ်ပင်လိုက်ပြီးငွေကြေးဆိုင်ရာ ပိတ်ပင်မှုတွေကိုလည်း ပိုပြီး တင်းကြပ်လိုက်ပါတယ်။

အခုနောက်ဆုံး အရေးယူမှုကို မြောက်ကိုးရီးယားရဲ့မဟာမိတ်နိုင်ငံတွေ ဖြစ်ကြတဲ့ တရုတ်နဲ့ရုရှားတို့ကပါ ထောက်ခံခဲ့ကြတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် ဆူဇန် ရိုက်စ် (Susan Rice) ကလည်း အရင်ကတခါမှ မရှိခဲ့ဖူးတဲ့ ဒီလောက်တင်းကျပ်တဲ့ ပိတ်ဆို့ ဒဏ်ခတ်မှု ချမှတ်လိုက်တဲ့ အပေါ် အားရကျေနပ်မိတယ်၊ ဒီအပေါ်မှာ မြောက်ကိုရီးယား အစိုးရဘက်က ပိုမိုရန်လိုတဲ့ဟန်နဲ့ တုံ့ပြန်လာမယ်ဆိုရင် သူ့အအနေနဲ့ အံ့အားသင့်မှာ မဟုတ်ဘူးလို့ သမ္မတ အိမ်ဖြူတော်ကနေ ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG