သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ရုံးတင်တရားစွဲဆိုအမှု ရုံးချိန်း ထပ်မံရွှေ့ဆိုင်း


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရဖက်က တရားစွဲဆိုထားတဲ့ ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ဖက်က ခုခံထွက်ဆိုမယ့် နောက်ထပ် သက်သေတွေကို ခွင့်ပြုဖို့ တရားရုံးချုပ်မှာ ရှေ့နေတွေက လျှောက်ထားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဖက်က ခုခံထွက်ဆိုမယ့် သက်သေ ၄ ယောက်ကို ရှေ့နေတွေက တင်သွင်းခဲ့ပေမယ့် နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ အန်အယ်လ်ဒီ ဒုဥက္ကဌ ဦးတင်ဦးနဲ့ အတွင်းရေးမှူးအဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင်တို့ကို စစ်အစိုးရဖက်က ဇွန်လ ၉ ရက်နေ့မှာ ပယ်ချခဲ့ပါတယ်။

ခုခံချေပဖို့ တင်သွင်းမယ့် သက်သေတွေကို အကြောင်းပြချက် မရှိပဲ ပယ်ချရတာဟာ ဥပေဒေကြောင်းအရ မှန်ကန်မှုမရှိတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ဖက်က သက်သေတွေ ထပ်ပြီးခွင့်ပြုဖို့ ကြိုးစားသွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်ကို ပြောင်းရွှေ့ခဲ့တဲ့ မေလ အတွင်း သတင်းပတ်တွေမှာ အမှုကို နေ့စဉ် ဆက်တိုက်ကြားနာ စစ်ဆေးခဲ့တာကြောင့် ဒီအမှုကို မြန်မြန်ဆန်ဆန် တရားရုံးက စီရင်ချက်ချကောင်းချနိုင်တယ်ဆိုတဲ့ တွက်ဆချက်တွေ ရှိခဲ့ပါတယ်။ အခုနောက်ပိုင်းရက်တွေမှာတော့ အမှုနဲ့ ပတ်သက်လို့ ကြန့်ကြာမှုတွေရှိနေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG