သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်အရေး စိုးရိမ်သော်လည်း ဝင်ရောက်စွက်ဖက်မှာမဟုတ်ဟု အိုဘားမားပြော


အီရန်နိုင်ငံက သမ္မတ ရွေးကောက်ပွဲ နောက်ဆက်တွဲ အငြင်းပွားမှုတွေနဲ့ တီဟီရန်မြို့တော် မှာ ငြိမ်းချမ်းစွာ သဘောထား ကွဲလွဲကြသူတွေကို နှိမ်နှင်းနေတာတွေနဲ့ ပတ်သက်လို့ သူ အထူး စိုးရိမ်မိတယ်လို့ အမေရိကန်သမ္မတ ဘရက် အိုဘားမား က ပြောပါတယ်။

အီရန်နိုင်ငံရေး ပဋိပက္ခမှာ အမေရိကန် အနေနဲ့ ဝင်စွက်မှာ မဟုတ်ဘူး၊ အခုကိစ္စကို ဖြေရှင်းတဲ့နေရာမှာ အီရန်နိုင်ငံသား တွေကိုယ်တိုင် ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အီရန်သမ္မတ မာမွတ် အမာဒီနီဂျက် နဲ့ သူ့ရဲ့ ပြိုင်ဘက် မီ ဟူစိန် မိုဆာဗီ တို့အကြား မူဝါဒအားဖြင့် ကွဲပြားမှုက သိပ်မရှိပါဘူးလို့ သမ္မတ အိုဘားမား က အင်္ဂါနေ့တုန်းက ပြောခဲ့ပါတယ်။ အီရန်နိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်လို့ အိမ်ဖြူတော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်မှာ အမေရိကန် သမ္မတ က ပြောခဲ့တာပါ။

ရွေးကောက်ပွဲ ရလဒ်တွေကို ပြန်စစ်ဆေးလို့ မစ္စတာ အမာဒီနီဂျက် ပဲဖြစ်ဖြစ်၊ မစ္စတာ မိုဆာဗီ ပဲဖြစ်ဖြစ် ဘယ်သူပဲ အနိုင်ရရ အမေရိကန် နိုင်ငံအနေနဲ့တော့ သူ့အပေါ် ရန်လိုတဲ့ အီရန်နိုင်ငံ အပေါ် အရင်လို ဆက်ပြီး ဆက်ဆံသွားမှာဖြစ်တယ်လို့ သမ္မတ အိုဘားမား က ဆိုပါတယ်။

အီရန်သမ္မတ မာမွတ်အမာဒီနီဂျက်ကို စိန်ခေါ်သူတွေက မစ္စတာ အမာဒီနီဂျက် ဟာ မဲလိမ်ပြီးတော့ ပြန်ရွေးကောက်ခံရတာ ဖြစ်တယ်လို့ စွပ်စွဲခဲ့ကြပြီးတဲ့နောက် သောကြာနေ့ ရွေးကောက်ပွဲက မဲတချို့ကို ပြန်လည် ရေတွက်သွားမယ်လို့ အီရန် နိုင်ငံရဲ့ အင်အားကြီး ဥသျှောင်ကောင်စီ က ပြောပါတယ်။

ရှေးရိုးစွဲသမား သမ္မတ မာမွတ် အမာဒီနီဂျက် နဲ့ ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့တဲ့ သူ့ပြိုင်ဘက် မစ္စတာ မိုဆာဗီ တို့ကို ထောက်ခံသူ ထောင်ပေါင်းများစွာဟာ အင်္ဂါနေ့က တီဟီရန်မြို့တော်မှာ နောက်ထပ် လူထု စုဝေးမှုတွေ လုပ်ခဲ့ကြပါတယ်။ သတင်းသမားတွေနဲ့ ဓါတ်ပုံသတင်းထောက်တွေကို အခုဆန္ဒပြပွဲတွေနဲ့ပတ်သက်တဲ့ သတင်းရယူမှုတွေ ပိတ်ပင်ခဲ့သလို အင်္ဂါနေ့ကစပြီးတော့ နိုင်ငံခြား သတင်းမီဒီယာတွေ အပေါ် တားမြစ်မှုတွေကိုလည်း အစိုးရ အာဏာပိုင်တွေက အခုထက်ပိုပြီး တင်းကျပ်လာခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG