သုံးရလွယ်ကူစေသည့် Link များ

အီရန် ဘာသာရေးခေါင်းဆောင် ဆန္ဒပြသူတွေကို သတိပေး


လမ်းပေါ်ထွက် ကန့်ကွက်ဆန္ဒပြတာတွေကို ရပ်ပြီး ငြိမ်သက်ကြဖို့ အီရန်နိုင်ငံရဲ့
အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ ခါမေနီ (Ayatollah Ali Khamenei) က
သောကြာနေ့မှာ သတိပေးလိုက်ပါတယ်။ အကြမ်းဖက်မှုတွေအတွက် အတိုက်အခံက
တာဝန်ယူရမယ်လို့ သူက ဆိုပါတယ်။ အီရန်သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ
အမာဒီနီဂျက်ဒ် (Mahmoud Ahmadinejad) အနိုင်ရရှိတာ အသေအချာ ဖြစ်ပါတယ်
လို့ သူက ပြောပါတယ်။

“ရွေးကောက်ပွဲဟာ ခင်ဗျား ရန်သူတွေအတွက် နိုင်ငံရေးငလျင်ကြီးဖြစ်ပြီး ကမ္ဘာ
တ၀န်းက ခင်ဗျားမိတ်ဆွေတွေအတွက် တကယ့် သမိုင်းဝင် အခမ်းအနားကြီး ဖြစ်ပါ
တယ်” လို့ အယာတိုလာ ခါမေနီက ပြောခဲ့တာပါ။

ဒါပေမဲ့ လူတွေက မဲတွေကို လိမ်လည်တယ်လို့ စွပ်စွဲပြီး ကန့်ကွက်ဆန္ဒပြခဲ့တဲ့အတွက်
အီရန်နိုင်ငံမှာ နှစ်ပေါင်း ၃၀ အတွင်း အဆိုးဝါးဆုံး မငြိမ်မသက် ဖြစ်ခဲ့ပါတယ်။

သမ္မတအဖြစ် အသင့်လျော်ဆုံး ဆောင်ရွက်နိုင်မယ့်သူကို ပြည်သူပြည်သားတွေက
ရွေးချယ်ခဲ့ကြတယ်လို့ ဇွန်လ ၁၂ ရက်နေ့က မဲပေးပွဲပြီးကတည်းက တိုင်းပြည်ကို
ပြောတဲ့ သူ့ရဲ့ ပထမဆုံးမိန့်ခွန်းမှာ အယာတိုလာ ခါမေနီက လူထုကို ပြောခဲ့ပါတယ်။
လက်ရှိသမ္မတ မာမွတ်ဒ် အမာဒီနီဂျက်ဒ်က သမ္မတရွေးကောက်ပွဲမှာ ၆၃% နဲ့
အနိုင်ရရှိခဲ့တာပါ။

သမ္မတရွေးကောက်ပွဲမှာ ရှုံးသွားတဲ့ မီယာ ဟူစိန် မူဆာဗီ (Mir Hossein Mousavi) ကို
ထောက်ခံကြသူတွေက တပတ်နီးနီး ဆန္ဒပြခဲ့ကြပြီးတဲ့နောက် အယာတိုလာ ခါမေနီရဲ့
မိန့်ခွန်းကို ရုပ်မြင်သံကြားက ပြသခဲ့တာ ဖြစ်ပါတယ်။ မစ္စတာမူဆာဗီက မဲလိမ်ခဲ့
တယ်လို့ စွပ်စွဲခဲ့ပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သံသယရှိတာတွေကို ဥပဒေလမ်းကြောင်းအရ စုံစမ်း
စစ်ဆေးရပါမယ်လို့ ပြောပါတယ်။ လက်ရှိသမ္မတက မဲ ၁၁ သန်း ပိုရရှိထားတာက
မဲမလိမ်ဘူးဆိုတာကို ပြသနေပါတယ်လို့ သူက ပြောပါတယ်။ ရွေးကောက်ပွဲရလဒ်နဲ့
ပတ်သက်ပြီး နိုင်ငံခြားက ၀င်ရောက်စွက်ဖက်နေတယ်လို့ အယာတိုလာ ခါမေနီက
စွပ်စွဲခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG