သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုအမှု ဥပဒေနဲ့မညီပုံ AHRC ကုလသို့တိုင်ကြား


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားတာဟာ
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကာလအတွင်း ဆက်လက် အကျဉ်းချထားနိုင်ရေးအတွက်
ဖြစ်ပြီး အဲဒီရွေးကောက်ပွဲကလည်း တကယ်တော့ လွတ်လပ်ပြီး တရားမျှတမှာ
မဟုတ်ဘူးလို့ ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေးကော်မရှင်က
ကုလသမဂ္ဂရဲ့ ဥပဒေကြောင်းနဲ့မညီဘဲ ချုပ်နှောင်ထားမှုဆိုင်ရာ လုပ်ငန်းကော်မတီကို
စာရေးတိုင်တန်းလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်း၊ မဝင်းမမနဲ့ ဂျွန် ဝီလျံ ယက်ထော (John
William Yettaw) တို့ကို စွဲဆိုထားမှု ဇွန်လ ၅ ရက်နေ့မှာ စီရင်ချက်ချမယ်လို့ ဆိုခဲ့ရာက
အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ပြီး အခု ဇွန်လ ၂၆ ရက်နေ့မှာ ဆက်လက်ကြားနာမယ်လို့
ဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူထားတဲ့ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ
မြန်မာနိုင်ငံတော် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံဟာ ၁၉၈၈ ခုနှစ်ကတည်းက ပျက်ပြယ်
သွားပြီမို့ အရေးယူထားတဲ့ ဥပဒေဟာ တရားဝင်သေးရဲ့လားလို့ အာရှလူ့အခွင့်အရေး
ကောင်စီက မေးခွန်းထုတ်ထားပြီး နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ အနေနဲ့လည်း
ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရရှိရေးအတွက် ဆောင်ရွက်ပေးဖို့လည်း တိုက်တွန်း
ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG