သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား သင်္ဘောကို အမေရိကန်ရေတပ် လိုက်လံစောင့်ကြည့်


မြန်မာနိုင်ငံဘက်ကို ဦးတည်သွားနေတယ်လို့ ယူဆရတဲ့ မြောက်ကိုရီးယားနိုင်ငံက ကုန်တင်သင်္ဘောတစီးမှာ စစ်လက်နက်ပစ္စည်းတွေ တင်ဆောင်လာဖွယ်ရာ ရှိတယ်ဆိုပြီး နိုင်ငံတကာက သံသယတွေရှိနေကြပါတယ်။ ဒီအတွက် အမေရိကန် စစ်သင်္ဘောတစင်းက မြောက်ကိုးရီးယားကုန်တင်သင်္ဘောနောက်က နောက်ယောင်ခံ လိုက်ပါစောင့်ကြည့်နေပါတယ်။

သံသယဖြစ်စရာ ကုန်ပစ္စည်းတွေ တင်ဆောင်လာတယ်လို့ ယူဆရတဲ့ ကန်နမ် တစ် (Kang Nam I) လို့ အမည်ရတဲ့ မြောက်ကိုရီးယား သင်္ဘောတစင်း တရုတ်ပင်လယ်ပြင်ကနေ မြန်မာနိုင်ငံဆီ် ဦးတည်နေပုံရတာမို့ စောင့်ကြည့်နေကြတာပါ။ မြန်မာနိုင်ငံကို သွားတယ် မသွားဘူးဆိုတာ တရားဝင် ထုတ်ဖော်ပြောဆိုတာမျိုးမရှိပေမယ့် အရင်တုန်းကလည်း အလားတူ ဝင်ထွက်မှုမျိုးတွေ ရှိခဲ့တာကြောင့် ဒီတကြိမ်မှာလည်း မြန်မာနိုင်ငံကို ဝင်ရောက်ဆိုက်ကပ်လိမ့်မယ်လို့ ကျယ်ကျယ်ပြန့်ပြန့် တွက်ဆနေကြတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG