သုံးရလွယ်ကူစေသည့် Link များ

တနင်္လာနေ့ အီရန်ဆန္ဒပြမှု အာဏာပိုင်တွေ ဖြိုခွင်း


အီရန်မှာ ရွေးကောက်ပွဲရလဒ်အပေါ် မကျေနပ်လို့ ဆန္ဒပြသူတွေကို အင်အားသုံး
နှိမ်နင်းသွားမယ်လို့ အသေခံ Revolutionary Guards တပ်ဖွဲ့တွေက သတိပေးလိုက်ပြီး
မကြာခင်မှာပဲ တီဟီရန်မြို့တော်က ဆန္ဒပြပွဲတခုကို ရဲတွေက ဖြိုခွင်းခဲ့ပါတယ်။

ရဲတွေအများကြီး ရှိနေတဲ့ကြားက တီဟီရန်မြို့လယ်ကောင်က ရင်ပြင်မှာ အစိုးရ
ဆန့်ကျင်ဆန္ဒပြသူ ရာပေါင်းများစွာ စုဝေးခဲ့ကြတယ်လို့ မျက်မြင်တွေက ပြောပါတယ်။
အဓိကရုဏ်း နှိမ်နင်းတဲ့ ရဲတွေက မျက်ရည်ယိုဗုံးတွေ အသုံးပြုပြီး လူစုခွဲခဲ့တယ်လို့
လည်း ပြောပြကြပါတယ်။

စနေနေ့တုန်းကတော့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဆန္ဒပြသူတွေကြား အဓိကရုဏ်းတွေ
ဖြစ်ခဲ့လို့ လူ ၁၀ ယောက်သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရသွားတယ်လို့ အီရန်အစိုးရ
ရုပ်သံကနေ တနင်္လာနေ့ အစောပိုင်းမှာ ထုတ်လွှင့်သွားပါတယ်။ လူပေါင်း
၄၅၇ ယောက်ထက်မနည်းကိုလည်း ဖမ်းဆီးခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်နေ
ပါတယ်။

ဆန္ဒပြပွဲတွေ ရပ်ပါလို့ အီရန်မှာ သြဇာညောင်းတဲ့ ဘာသာရေးခေါင်းဆောင်
အယာတိုလာ ခါမေနီ (Ayatollah Ali Khamenei) က သောကြာနေ့မှာ သတိပေးထား
တာကို အာခံပြီး ဆန္ဒပြပွဲတွေ ဆက်ရှိနေတာ ဖြစ်ပါတယ်။

အနောက်နိုင်ငံတွေဟာ အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေကို အားပေးအားမြှောက် လုပ်နေ
တယ်လို့ အီရန်အစိုးရက စွပ်စွဲတာကို အမေရိကန် အပါအ၀င် အနောက်နိုင်ငံတွေက
ငြင်းဆိုခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG