သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပေါ့ပ်အဆိုကျော် မိုက်ကယ်လ် ဂျက်ဆင် ကွယ်လွန်


ကမ္ဘာကျော် ပေါ့ပ်အဆိုတော် မိုက်ကယ်လ် ဂျက်ဆင် (Michael Jackson) ဟာ ဒေသစံတော်ချိန် ကြာသပတေးနေ့ မကြာခင်ကပဲ ကွယ်လွန်သွားခဲ့ပါတယ်။ အသက် ၅၀ အရွယ်ရှိ မိုက်ကယ်လ် ဂျက်ဆင်ဟာ နှလုံးဝေဒနာ ခံစားရပြီး ချက်ချင်း ကယ်လီဖိုးနီးယားပြည်နယ် လော့စ် အိန်ဂျလိစ် ဆေးရုံတခုကို အမြန်ဆုံး ပို့ဆောင်ခဲ့ကြရပါတယ်။

သူ့ရဲ့နေအိမ်ကို ဒေသစံတော်ချိန် မွန်းလွဲပိုင်းမှာ အရေးပေါ် ဆေးဝန်ထမ်းတွေ ရောက်လာချိန်မှာ သူဟာ အသက်မရှူတော့ဘူးလို့ မီးသတ်အရာရှိတွေက ပြောပါတယ်။ အဲဒီနောက် UCLA ကယ်လီဖိုးနီးယား ဆေးရုံမှာ မေ့မျောနေတယ်လို့ ဆေးရုံက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီနောက် မိုက်ကယ်လ် ဂျက်ဆင် သေဆုံးသွားပြီလို့ ရဲအရာရှိတွေက အတည်ပြုပြောဆိုကြောင်း လော့စ် အိန်ဂျလိစ် တိုင်းမ်စ် သတင်းစာမှာ ဖော်ပြပါတယ်။

အသက် ၅၀ အရွယ် မိုက်ကယ်လ် ဂျက်ဆင်ဟာ အဆိုတော်လည်းဖြစ်၊ ကိုယ်တိုင်ကလည်း ကပြဖျော်ဖြေသလို သီချင်းတွေကိုလည်း ကိုယ်တိုင်ရေးစပ်သူ ဖြစ်ပါတယ်။ သူဟာ ၁၉၇၀ ပြည့်လွန် ကတည်းကစပြီး သူတို့ညီအစ်ကိုတွေ ဖွဲ့စည်းထားတဲ့ The Jackson Five အဖွဲ့မှာ ကလေးဘဝကတည်းက စပြီး သီချင်းတွေ ဆိုခဲ့ပါတယ်။ သူတဦးတည်း သီချင်းစဆိုတော့လည်း သူ့သီချင်းတွေဟာ ကမ္ဘာကျော် အောင်မြင်ခဲ့ပြီး MTV တခေတ်ကို စတင်ခဲ့သူ ဖြစ်ပါတယ်။

သူ မကွယ်လွန်ခင် နောက်ပိုင်းနှစ်မှာတော့ ဝေဖန်ခံရစရာတွေ အများကြီးရှိခဲ့ပြီး သူဟာ ၂၀၀၅ ခုနှစ်မှာ ကလေးငယ်တွေကို မဖွယ်မရာ လုပ်တယ်ဆိုပြီး တရားစွဲခံရပြီးမှ လွတ်မြောက်ခဲ့ပါတယ်။

ဒါပေမယ့် သူက သူ့ရဲ့ အဆိုတော်ဘဝကို ပြန်ဝင်ရောက်ဖို့ စီစဉ်နေပါတယ်။ လန်ဒန်မှာ ဒီနှစ်ကုန်ပိုင်း စင်မြင့်ဖျော်ဖြေပွဲတွေ ဖျော်ဖြေဖို့ရှိပြီး သူ့ရဲ့လက်မှတ်တွေဟာ မိနစ်ပိုင်းအတွင်းမှာ ရောင်းချ ကုန်သွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG