သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ ဝက်တုပ်ကွေး ရောဂါ စတွေ့


ထိုင်းနိုင်ငံမှာ H1N1 ဝက်တုပ်ကွေးရောဂါ နဲ့ လူ နှစ်ယောက် သေဆုံးသွားကြောင်း ကျန်းမာရေး တာဝန်ခံများက အတည်ပြု ပြောကြားပါတယ်။

၄၂ နှစ်အရွယ် အမျိုးသားတယောက်နဲ့ အသက်၄၀ အရွယ် အမျိုးသမီး တယောက် ဇွန်လ ၂၀ ရက်နေ့မှာ သေဆုံးတာလို့ သူတို့က စနေနေ့မှာ ကြေညာပါတယ်။ ထိုင်းနိုင်ငံမှာ ဝက်တုပ်ကွေး ရောဂါ ဖြစ်သူ ၁.၂၀၀ ရှိနေတယ်လို့လည်း ဆိုပါတယ်။

အိမ်နီးနားချင်း မြန်မာနိုင်ငံမှာလည်း စင်ကာပူက ပြန်လာတဲ့ အသက် ၁၃ အရွယ်ရှိ အမျိုးသမီးငယ်တဦးမှာ ဝက်တုပ်ကွေး ရောဂါ တွေ့ရှိတယ်လို့ ဆိုပါတယ်။ အဲဒီ ကျောင်းသူလေးမှာ ရောဂါပိုး တွေ့ရှိရတာ ဖြစ်တယ်လို့ သတင်းများမှာ ဖော်ပြပါရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG