သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ဘနွန် ဝန်ကြီးချုပ်အသစ်တက်


လက်ဘနွန် နိုင်ငံမှာ ၂၀၀၅ ခုနှစ်က လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ဝန်ကြီးချုပ် Rafiq Hariri နေရာကို သားဖြစ်သူ Saad Hariri က ဆက်ခံလိုက်ပြီလို့ ပြောပါတယ်။ လွှတ်တော်မှာ အမတ် အများစုရဲ့ ထောက်ခံမဲတွေ ရရှိပြီးတဲ့နောက် သမ္မတ Michel Suleiman ကို စနေနေ့ မှာပဲ ဝန်ကြီးချုပ် ရာထူး အပ်နှင်းလိုက်တာ ဖြစ်ပါတယ်။

၁၉၉၀ ခုနှစ်မှာ အဆုံးသတ်ခဲ့တဲ့ ပြီးတွင်းစစ်ပွဲအပြီး မြို့ရွာတွေမှာ အဆိုးရွားဆုံး တိုက်ခိုက်မှုတွေ ဖြစ်လာတဲ့ ၂၀၀၇ ခုနှစ်က စလို့ နိုင်ငံရေး သဘောထား ကွဲလွဲမှုတွေကြောင့် ကွဲပြားနေတဲ့ နိုင်ငံကို ပြန်ပေါင်းစည်းရေး လုပ်ဆောင်မယ်လို့ သမ္မတ အိမ်တော်ရာမှာ မစ္စတာ Hariri က ကတိပြုသွားခဲ့ပါတယ်။ အသက် ၃၉ နှစ်အရွယ် မစ္စတာ Hariri ဟာ ဒီလအစောပိုင်းမှာ ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ အနောက်တိုင်း လိုလားသူ ဦးဆောင်တဲ့ ပါတီကို ဦးဆောင်သူ ဖြစ်ပါတယ်။

လက်ဘနွန်နိုင်ငံက အမတ်နေရာ ၁၂၈ နေရာမှာ လွှတ်တော်မှာတော့ အီရန် နဲ့ ဆီးရီးယား နိုင်ငံတို့ရဲ့ ထောက်ခံမှုကို ရထားတဲ့ ဟက်ဇ်ဘိုလာ ဦးဆောင်တဲ့ အဖွဲ့က အမတ်နေရာ အများဆုံး ရထားပါတယ်။ အခုတော့ နိုင်ငံမှာ စုစည်းတဲ့ အစိုးရတရပ် ဖွဲ့စည်းရေးအတွက် အတိတ်မှာ ရှိခဲ့တဲ့ မတူညီမှုတွေကို မေ့ပစ်ပြီးတော့ ကဏ္ဍသစ်တရပ် စတင်ကြမယ်လို့ မစ္စတာ Hariri နဲ့ ဟက်ဇ်ဘိုလာ ခေါင်းဆောင် Hassan Nasrallah တို့က သောကြာနေ့က တွေ့ဆုံ ကတိပြုခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG