သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိသျှသံရုံး ဒေသခံဝန်ထမ်း၈ဦး ပြန်လွှတ်ပေးရေး ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးတောင်းဆို


တဟီရန်မှာ ရှိတဲ့ ဗြိတိသျှ သံရုံးက အီရန် နိုင်ငံသား သံရုံးအမှုထမ်း ၈ဦးကို အီရန် အစိုးရက ဖမ်းဆီးခဲ့တာကြောင့် ပြန်လွှတ် ပေးဖို့ ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဒေးဗစ် မီလီဘန် က တောင်းဆိုလိုက်ပါတယ်။ ဒီလို ဖမ်းဆီးမှုဟာ နှောက်ယှက် ခြိမ်းခြောက်မှု ဖြစ်တဲ့အတွက် လုံးဝလက်မခံနိုင်ဘူးလို့ မစ္စတာ မီလီဘန်က တနင်္ဂနွေနေ့မှာ သတင်းထောက်တွေကို ပြောဆို ခဲ့တာပါ။ အီရန် နိုင်ငံသား သံရုံးအမှုထမ်း ၈ဦးဟာ အီရန် သမ္မတ ရွေးကောက်ပွဲအပြီး မငြိမ်မသက်မှုတွေ ဖြစ်အောင် လုပ်ဆောင်ရာမှာ ပါဝင်ခဲ့တဲ့အတွက် ဖမ်းဆီးခဲ့တာ ဖြစ်တာလို့ အီရန်ဖားစ် သတင်းဌာနက ပြောဆိုခဲ့ပါတယ်။

သမ္မတ ရွေးကောက်ပွဲအပြီး လမ်းတွေပေါ် ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေနဲ့ အဓိကရုဏ်းတွေမှာ အမေရိကန်နဲ့ ဗြိတိန်အပါအဝင် အနောက်နိုင်ငံတွေ ပါဝင် ပတ်သက်နေတယ်လို့ အီရန် ဘာသာရေး ခေါင်းဆောင် အရာတိုလာ ခိုမီနီ က စွပ်စွဲလိုက်ပြီး ဒီသီတင်းပတ်ကပဲ ဗြိတိသျှ သံတမန် ၂ဦးကို အီရန်က နှင်ထုတ်ခဲ့ပါတယ်။ အီရန်က ဗြိတိန်နဲ့ သံတမန် ထားရှိမှုအဆင့် လျှော့ချမယ်လို့လည်း အီရန် နိုင်ငံခြားရေး ဝန်ကြီးက သတိပေးထားပါတယ်။ လက်ရှိသမ္မတ မာမွတ် အမာဒီနီဂျက် အနိုင်ရပြီး သမ္မတအဖြစ် ပြန်ပြီး အရွေးခံရတယ်လို့ ကြေညာခဲ့တဲ့ ဇွန်လ ၁၂ရက်နေ့ သမ္မတ ရွေးကောက်ပွဲမှာ မဲ မသမာမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ခဲ့တယ်လို့ သမ္မတလောင်းဖြစ်တဲ့ အတိုက်အခံ ခေါင်းဆောင် မီရာဟူစိန် မူဆာဘီ က ကြေညာထား ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG