သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ဖမ်းထားတဲ့ ဗြိတိန်သံရုံးဝန်ထမ်းအချို့ ပြန်လွတ်


အီရန် နိုင်ငံမှာ ရွေးကောက်ပွဲ ရလဒ်ကြောင့် ဖြစ်ပေါ်လာတဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးခဲ့တဲ့ တဟီရန် မြို့တော်ရှိ ဗြိတိန် သံရုံးက အီရန် ဝန်ထမ်း ၈ယောက်ထဲက တချို့ကို ၁ရက်အကြာမှာပဲ အာဏာပိုင်တွေက ပြန်လွှတ်ပေးလိုက်ပြီလို့ အီရန်အစိုးရ သတင်းတွေမှာ ပြောခဲ့ပါတယ်။ အစိုးရ ဆန့်ကျင် ဆန္ဒပြတွေနဲ့ ပတ်သက်တဲ့ သတင်းတွေကို ဒေသခံ သံရုံး ဝန်ထမ်းတချို့ က လိုက် စုဆောင်းတယ်လို့ ပြည်ထဲရေးဝန်ကြီးရဲ့ ပြောကြားချက်ကို တနင်္ဂနွေထုတ် သတင်းတခုထဲမှာ ဖော်ပြထားပါတယ်။ ဆက်ပြီးတော့ အဖမ်းခံထားရတဲ့ ဝန်ထမ်း ဘယ်နှစ်ယောက် ရှိသလဲ ဆိုတာကို အခုချိန်အထိ သေသေချာချာ မသိရသေးပါဘူး။

သံရုံး ဝန်ထမ်းတွေကို ဖမ်းဆီးတာဟာ လက်မခံနိုင်လောက်တဲ့ ချိန်းခြောက် နှောက်ယှက်မှုပဲ ဆိုပြီး ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး ဒေးဗစ်မီလီဘန် နဲ့ အီးယူသမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးတွေက ဝန်ထမ်းတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ သီးခြား အတည်မပြုနိုင်တဲ့ သတင်းတခုကတော့ အီရန်က ထင်ရှားတဲ့ ဘာသာရေး ခေါင်းဆောင် တယောက် သေဆုံးခဲ့ရတဲ့ ၁၉၈၁ခုနှစ် ဗုံးပေါက်ကွဲမှု နှစ်ပတ်လည် အထိမ်းအမှတ်လုပ်တဲ့ တဟီရန် မြို့ထဲက ဟိုဘာ ဗလီနားမှာ ထောင်ပေါင်းများစွာ ဆန္ဒပြသူတွေ နဲ့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေ ကြား ပဋိပက္ခ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဂျွန်လ ၁၂ရက်နေ့က လုပ်ခဲ့တဲ့ အီရန် ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ သမ္မတ လောင်းအဖြစ် ဝင်ရွေးသူတွေရဲ့ မကျေနပ်ချက်တွေကို အစိုးရက ထဲထဲဝင်ဝင် စုံစမ်းပေးဖို့ အီရန် သမ္မတဟောင်း အဂဘာ ဟာရှီမီ ရက်ဆန်ဂျာနီ ရဲ့ တောင်းဆိုချက်ကိုတော့ တနင်္ဂနွေနေ့ အီရန် အစိုးရ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG