သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်အရေးအခင်းအပေါ် ရပ်တည်ချက် ပြတ်သားဖို့ သမ္မတအိုဘားမားကို ရစ်ပတ်ဗလစ်ကန် ဝေဖန့််


အီရန်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်လို့ သမ္မတအိုဘားမားဘက်က သဘောထား တစုံတရာ ပြတ်ပြတ်သားသား ပြောဆိုဖို့ ပျက်ကွက်နေတယ်ဆိုပြီး ရစ်ပတ်ဗလစ်ကန် ဘက်က ဝေဖန်ပါတယ်။ ဒီအတောအတွင်း တရုပ်ပင်လယ်ထဲမှာ မြန်မာနိုင်ငံဘက်ကို ဦးတည် သွားနေတယ်လို့ ယူဆရတဲ့ သံသယဖြစ်ဖွယ် မြောက်ကိုရီးယား ကုန်တင်သဘောၤပေါ်မှာ စစ်လက်နက်ပစ္စည်းတွေ ပါမပါ စုံစမ်းဖို့ မြောက်ကိုရီးယား ရေတပ်သဘောၤက နောက်ယောင်ခံ လိုက်နေပါတယ်။ တကယ်လို့ မြောက်ကိုရီးယား ဘက်က အမေရိကန်ပြည်ထောင်စုပိုင် နယ်နမိတ်ဖြစ်တဲ့ ဟာဝိုင်အီကျွန်းကို တိုက်ခိုက်လာခဲ့မယ်ဆိုရင် အမေရိကန်ပြည်ထောင်စု အနေနဲ့ ခုခံကာကွယ်ဖို့ အဆင်သင့်ရှိတဲ့အကြောင်းလည်း သမ္မတအိုဘားမားက ပြောဆိုပါတယ်။ ဒီအကြောင်းကို ကိုသိန်းထိုက်ဦးနဲ့ မစုမြတ်မွန်တို့ ဆွေးနွေးတင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG