သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားသင်္ဘော နောက်ပြန်လှည့်


တရားမဝင် လက်နက်တွေ သယ်ဆောင်လာတယ်လို့ သံသယရှိပြီး အမေရိကန် ရေတပ်သင်္ဘော နောက်ယောင်ခံလိုက်နေတဲ့ မြောက်ကိုရီးယားသင်္ဘော အခု ပြန်လှည့်သွားပြီ ဖြစ်ပါတယ်။

အဲဒီ ကမ်နမ်သင်္ဘောကို ဇွန်လ ၁၇ ရက်နေ့ မြောက်ကိုရီးယားဆိပ်ကမ်းက ထွက်လာကတည်းက အမေရိကန် သင်္ဘောတွေက စောင့်ကြည့်နေခဲ့တာ ဖြစ်ပါတယ်။ ဒီသင်္ဘောဟာ မြန်မာနိုင်ငံကို ဦးတည်ခုတ်မောင်း သွားနေတယ်လို့ ယူဆခဲ့ကြတာ ဖြစ်ပါတယ်။

အခုဆိုရင် ဒီသင်္ဘောဟာ ဗီယက်နမ် ရေပိုင်နက်ထဲမှာ ရောက်ရှိနေပြီး မူရင်းနိုင်ငံကို ပြန်လှည့်သွားပုံ ရပါတယ်။

မြောက်ကိုရီးယားအနေနဲ့ လက်နက်တွေနဲ့ နျူကလီးယားနဲ့ သက်ဆိုင်တဲ့ ပစ္စည်းတွေ ရောင်းဝယ်မှုကို ကန့်သတ်တားမြစ်တဲ့ ကုလသမဂ္ဂရဲ့ အရေးယူမှုအောက်မှာ ဒီသင်္ဘော ပထမဆုံး စောင့်ကြည့်ခံရတာ ဖြစ်ပါတယ်။

တကယ်လို့ ဒီသင်္ဘောသာ လှည့်ပြန်မယ်ဆိုရင် ကုလသမဂ္ဂရဲ့ အရေးယူမှုဟာ ထိရောက်မှုရှိတယ်၊ မြောက်ကိုရီးယားဟာ သူ့ခြေလှမ်းကို နောက်ပြန်လှည့်ရတာ ဖြစ်တယ်လို့ တောင်ကိုရီးယားက ကာကွယ်ရေးဆိုင်ရာ သုံးသပ်သူတဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး တောင်ကိုရီးယား သံတော်ဆင့်သတင်းမှာ ဖော်ပြခဲ့ပါတယ်။

၂၀၀၆ ခုနှစ်ကတည်းက စလို့ ဒုတိယအကြိမ် နျူကလီးယား စမ်းသပ်မှုတခုကို ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့မှာ မြောက်ကိုရီးယားက လုပ်ခဲ့ပြီးနောက် မြောက်ကိုရီးယားအပေါ် အရေးယူ ဒဏ်ခတ်မှုတွေကို ကုလသမဂ္ဂက ချမှတ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG