သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအတွင်းရေးမှူးချုပ် ဒေါ်စု နဲ့ တွေ့ခွင့် ငြင်းပယ်ခံရ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ရုံးတင်တရားစွဲဆိုခံနေရသူ ဖြစ်တဲ့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) နဲ့ တွေ့ဆုံခွင့် မပေးနိုင်ဘူးလို့ မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ငြင်းပယ်လိုက်ပါတယ်။ ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကတော့ စစ်အစိုးရအပေါ် စိတ်ပျက်မိတဲ့အကြောင်းနဲ့ မြန်မာစစ်အစိုးရအနေနဲ့ အတိုက်အခံတွေနဲ့ အမျိုးသားရင်ကြားစေ့ရေးကို လိုလားတယ်ဆိုတာ ပြသဖို့ အခွင့်အလမ်းကောင်းတရပ်ကို လက်လွှတ် ဆုံးရှုံးလိုက်ရတာလို့ ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် ဗွီဒီယို မှတ်တမ်းကို ကြည့်ရှု့နိုင်ပါတယ်။


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နဲ့ နေပြည်တော်မှာ တွေ့ဆုံစကားပြော
(photo credits: AP)

ဆက်စပ်သတင်းများ ...

XS
SM
MD
LG