သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စိန်ခေါ်မှုတွေ အမေရိကန် ရင်ဆိုင်နေရဆဲ


ဇူလှိုင်လ ၄ ရက်နေ့မှာ အမေရိကန်နိုင်ငံသားတွေဟာ မီးရှူးမီးပန်းတွေ ပစ်ဖောက်၊ ချီတတ်ပွဲတွေ စင်မြင့်ဖျော်ဖြေပွဲတွေနဲ့ အမေရိကန် လွတ်လပ်ရေးနေ့ကို ဆင်နွဲနေကြပါတယ်။

ဝါရှင်တန်ဒီစီနဲ့ နယူးယောက် အပါအဝင် အမေရိကန် မြို့အတော်များများမှာ အခု ဒေသစံချိန် စနေညပိုင်းမှာ မီးရှူးမီးပန်းတွေ လွှတ်တင် ပစ်ဖောက်ကြမှာဖြစ်ပါတယ်။ ဒါပေမယ့် စီးပွားရေး အကျပ်အတည်းကြောင့်မို့ မြို့ငယ် အတော်များများမှာတော့ လွတ်လပ်ရေး ပွဲတော်ကို အကျဉ်းချုံးပဲ ကျင်းပနိုင်ပါတယ်။

စနေ အပတ်စဉ် မိန့်ခွန်းမှာတော့ အမေရိကန်နိုင်ငံသားတွေ အနေနဲ့ အခုရတဲ့အချိန်အတွင်း ပျော်ပျော်ရွှင်ရွင်နဲ့ ပြန်အားမွေးဖို့ သမ္မတ ဘရက် အိုဘားမား က တိုက်တွန်းသွားပါတယ်။ ဒါပေမယ့်လည်း အမေရိကန်ပြည်ထောင်စုဟာ စီးပွားရေး အကျပ်အတည်းတွေကနေ အီရတ်စစ်၊ အာဖဂန်စစ် စတဲ့ အတိုင်းအဆ မမြင်နိုင်တဲ့ စိန်ခေါ်အကဲစမ်းမှုတွေ ရင်ဆိုင်နေရတုန်းပဲလို့ သမ္မတ အိုဘားမားက အမေရိကန်လူထုကို သတိပေးခဲ့ပါတယ်။

အခုလို စိန်ခေါ်မှုတွေကြောင့် အမေရိကန်နိုင်ငံသားတိုင်းဟာ အဆမတန် ကြိုးစားကြဖို့ လိုမယ်လို့ မစ္စတာ အိုဘားမား က ပြောပါတယ်။ ဒါ့အပြင် သူ့ရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ စွမ်းအင်ဆိုင်ရာ မူဝါဒပြုပြင်ရေး အစီအစဉ်တွေကို ထောက်ခံကြဖို့လည်း တိုတ်တွန်းသွားပါတယ်။

အမေရိကန်မှာ ဗြိတိသျှထံကနေ တရားဝင် လွတ်လပ်ရေး ကြေညာခဲ့တဲ့ ၁၇၇၆ ခုနှစ် ဇူလှိုင် ၄ နေ့ကို အမေရိကန် လွတ်လပ်ရေးနေ့ အဖြစ် သတ်မှတ်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG