သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖြုတ်ချခံ ဟွန်ဒူးရပ်စ်သမ္မတ ပြည်တော်ပြန်ခွင့်မရ


ရာထူးကနေ့ ဖြုတ်ချခံထားရပြီး နိုင်ငံပြင် အတင်းပို့ထားခံရတဲ့ ဟွန်းဒူးရပ်စ် သမ္မတ မန်ညူရယ် ဇလေရာ စီးလာတဲ့ လေယာဉ်ဟာ ဟွန်ဒူးရပ်စ် နိုင်ငံမြို့တော် တီဂူစီဂလ်ပါ (Tegucigalpa) အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဆင်းသက်ခွင့်မရခဲ့လို့ နီကာရာဂွာ နိုင်ငံမှာ ဆင်းသက်ခဲ့ရပါတယ်။ လေယာဉ်ပြေးလမ်းပေါ်မှာ စစ်သားတွေက ပိတ်ဆို့ထားတယ်လို့ မစ္စတာ ဇလေရာက ပြည်တွင်းအသံလွှင့်ဌာန တယ်လီဇာကို တနင်္ဂနွေနေ့ နှောင်းပိုင်းက ပြောခဲ့ပါတယ်။ သူ့အနေနဲ့ ဟွန်ဒူးရပ်စ် နိုင်ငံကို အမြန်ဆုံး ပြန်လာရဦးမှာပါလို့ ပြောပါတယ်။

လောလောဆယ်မှာ ဟွန်ဒူးရပ်စ် ကြားဖြတ်အစိုးရက ညမထွက်ရ အမိန့်ထုတ်ထားပါတယ်။ မစ္စတာ ဇလေရာရဲ့ လေယာဉ် လေဆိပ်ဆီ ရောက်မလာခင်မှာပဲ လေဆိပ်မှာ သူ့ကို ထောက်ခံသူများနဲ့ လုံခြုံရေးတွေကြားမှာ ပဋိပက္ခဖြစ်ပြီး လူအနည်းဆုံး ၁ယောက် သေဆုံးခဲ့ပြီး တော်တော်များများ ဒဏ်ရာရသွားခဲ့ပါတယ်။ သေဆုံးသူဟာ လူငယ်လေး တယောက်ဖြစ်တယ်လို့ တွေ့မြင်လိုက်ရတဲ့ အယ်ဂျာဇီးရား ရုပ်မြင်သံကြားရဲ့ ကင်မရာရိုက်သူက ပြောပါတယ်။ မစ္စတာ ဇလေရာကို ထောက်ခံသူ ထောင်ပေါင်းများစွာဟာ သူ့ကို ကြိုဆိုကြဖို့ လေဆိပ်ကို ချီတက်သွားခဲ့ကြလို့ လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ထိပ်တိုက်ရင်ဆိုင် အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ရတာပါ။ မစ္စတာ ဇလေရာ ဟွန်ဒူးရပ်စ်ကို ခြေတလှမ်း ချလိုက်တာနဲ့ သူ့ကို ဖမ်းမှာပဲလို့ ကြားဖြတ်အစိုးရက သတိပေးထားတဲ့ကြားက သူ့စီးလာတဲ့ လေယာဉ်ကို ဆင်းသက်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG