သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်နှာထား ဆိုင်ရာ အီဒီယံ အသုံးအနှုန်းများ


ဒီတပတ် တင်ပြထားတဲ့ အီဒီယံ အသုံးအနှုန်း စကားလုံးတွေက Straight face နဲ့ Straight man တို့ဖြစ်ပါတယ်။

Straight face - straight (တည့်မတ်သည်) face (မျက်နှာ) လုံးကောက် အဓိပ္ပါယ် ရပါတယ်။ အီဒီယံ အသုံးမှာတော့ ရယ်စရာ တွေ့လို့ မရယ်မမော မြိုသိပ်ထားခြင်း၊ မျက်နှာ တည်တည်ထားရတဲ့ အနေအထား၊ တနည်းဆိုရင် ခံစားချက် အမူအရာကို မပြဘဲ မျက်နှာကို တည်တည်ထားရခြင်းကို ဆိုလိုပါတယ်။ နောက်တမျိုးက သူတပါးကို နောက်ပြောင်ပြီး မိမိ လက်ချက် ဖြစ်တယ်ဆိုတာ မသိအောင် မသိချင်ရောင် ဆောင်ပြီး မျက်နှာကို ရှု့ တည်တည် ထားခြင်း၊ မျက်နှာပိုးသပ်ထားတဲ့ မျက်နှာမျိုးကို ဆိုလိုပါတယ်။

ဥပမာ ။ ။
"When I saw him climb out all wet and muddy, it was so funny. It was hard to keep a straight face, but I knew if I laughed, I'b be in trouble at the office next day."

"သူ့ တစ်ကိုယ်လုံး ရေတွေ ရွှံ့တွေ လူးပြီး မြင်ရတော့ သိပ်ကို ရယ်စရာ ကောင်းလွန်းလို့ မရယ်မိအောင် မနည်း ထိန်းချုပ် ထားရတယ်။ ဒါပေမဲ့ ကျနော် သိပါတယ်။ ကျွန်တော် ရယ်မိရင်တော့ နောက်တနေ့ ရုံးရောက်ရင် ကျနော့်ကို ပြဿနာလုပ်မှာ သေချာတယ်။"

မျက်နှာကို ဣန္ဒြေလုပ် မပျက်ဆယ်ထားနိုင်ရင် ခပ်တည်တည် ထားနိုင်ရင် တခါတရံတော့ သိပ်ကို အသုံးဝင်လှပါတယ်။ အမေရိကန်နိုင်ငံမှာ ကစားတဲ့ ပိုကာ (poker) ဖဲဝိုင်းမှာ အထူး အသုံးဝင်ပါတယ်။ ပိုကာ ကစားဝိုင်းမှာ ကစားသမားတွေက တယောက် မျက်နှာ တယောက် ကြည့်ပြီး သူ့ဖဲကိုယ့်ဖဲ အခြေအနေကို ခန့်မှန်း ကြပါတယ်။ ဖဲကောင်းတဲ့ မျက်နှာ ဖဲမကောင်းတဲ့ မျက်နှာ ဘယ်လိုဆိုပြီး အကဲခတ်လေ့ ရှိရာမှာ ကိုယ့်ဖဲ ဘယ်လောက် ကောင်းကောင်း ဘယ်လောက် အခြေအနေ ဆိုးဆိုး မျက်နှာအမူအရာ ကွယ်ဝှက်ထားနိုင်တဲ့ ဖဲသမားက တပန်းသာပါတယ်။

ဥပမာ ။ ။
"Sue usually wins the poker. She keeps the same straight face whether she has four aces or nothing at all in her hands. Her cards usually surprise you, so be ready to lose some money."

"Sue တယောက်က ပိုကာ ကစားတဲ့အခါ အများအားဖြင့် နိုင်လေ့ရှိပါတယ်။ သူ့ လက်ထဲမှာ တစ်ဖဲ လေးချပ်လောက် ရှိနေရင်ဖြစ်စေ၊ သူလက်ထဲမှာ ဘယ် ဖဲ ကောင်းကောင်း မရှိတဲ့အခါဖြစ်စေ သူက မျက်နှာသေနဲ့ သိပ်ကို နေနိုင်တယ်။ သူ့ ဖဲတွေဟာ အများအားဖြင့် မမျှော်လင့်တဲ့ ဖဲတွေဖြစ်တဲ့အတွက် ခင်ဗျား သူ့ကို ဖဲရှုံးပြီး ငွေပေးဖို့သာ ပြင်ပေးတော့။"

Straight man - Straight (ဖြောင့်သော၊ မတ်သော) Man (လူ) - ဖြောင့်မတ်သောလူ၊ တည်တည်တန့်တန့် ရှိသောလူ လို့ လုံးကောက် ပြန်ဆိုနိုင်ပါတယ်။ အီဒီယံ အသုံးမှာတော့ သူတပါး ပေါ်လွင် ထင်ရှားဖို့အတွက် အဖြည့်ခံ လူလို့ အဓိပ္ပါယ် ဆောင်ပါတယ်။ ပြဇာတ်ကပွဲတွေက ဆင်းသက်လာတဲ့ စကားဖြစ်ပါတယ်။ ထုံအအ နဲ့ ဖြေဖျော်တင်ဆက် သရုပ်ဆောင်ရတဲ့လူကို ခေါ်နိုင်ပါတယ်။ ပြဇာတ်ရုံတွေက ဆင်းသက်လာတဲ့ စကားဖြစ်ပါတယ်။

ဥပမာ ။ ။
"My job as a straight man is to set up his jokes and act dumb, so, he can make people laugh at me. He pays me well though. He knows I won of the best straight man in the business and he wouldn't be half as funny without me."

"သူ့အတွက် အဖြည့်ခံလူအဖြစ် ကျွန်တော် လုပ်ပေးရတဲ့ တာဝန်က သူ့ ပျက်လုံးတွေကို စင်ပေးရပြီး ခပ်ထုံထုံနဲ့ နေပေးရတယ်။ ဒါမှ ကျနော်ကို ကြည့်ပြီး ပွဲကြည့်သူတွေ ရယ်အောင် သူက လုပ်နိုင်မယ်။ သူက ကျနော်ကို ပိုက်ဆံအတော်များ ပေးပါတယ်။ ကျနော်ဟာ သူ့ စီးပွားရေး လုပ်ငန်းမှာ လူထုံလူအ အဖြစ် သရုပ်ဆောင်ရာမှာ အကောင်းဆုံး တယောက် ဖြစ်တယ်ဆိုတာ သူ သိနေပါတယ်။ ကျနော် မပါဘဲနဲ့ သူ့ သရုပ်ဆောင်မှုက ရယ်စရာ ကောင်းမှာ မဟုတ်ဘူး။"

ဆက်စပ်သတင်းများ ...

XS
SM
MD
LG