သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မငြိမ်မသက်ဖြစ်နေတဲ့ တရုတ် ရှင်ဂျန်းပြည်နယ် နေဝင်မီးငြိမ်းအမိန့်ထုတ်


ထိန်းမနိုင် သိမ်းမရဖြစ်နေတဲ့ တရုတ်ပြည်အနောက်ပိုင်း ရှင်ဂျန်း (Xinjiang) ဒေသမှာ အဓိက အူရမ်ကီ (Urumqi) မြို့ကြီးလည်း တိုင်းရင်းသားများ မငြိမ်မသက် ဖြစ်ပွားပြီးနောက် မြို့ပျက်သလောက်ဖြစ်နေလို့ အစိုးရက ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။ အင်္ဂါနေ့ည ၉ နာရီက ဗုဒ္ဓဟူးနေ့မနက် ၈ နာရီအထိ အပြင်မထွက်ရအမိန့် ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက ရှင်းလင်းဖော်ပြပါတယ်။

ဆူပူဆန္ဒပြကြလို့ လူ ၁၅၆ ယောက်ထက်မနည်း သေဆုံးသွားခဲ့ရပြီးနောက် တိုင်းရင်း မူစလင် ဝီဂါတွေနဲ့ ဟန်တရုတ်တွေကို အဓိကရုဏ်းရဲများက ထိန်းထားနိုင်ရေးအတွက် အဲဒီလို ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ရတာလို့ ဆိုပါတယ်။

တနင်္ဂနွေနေ့က အဓိကရုဏ်းအတွင်း သူတို့မိသားစုဝင်များ မတရားအဖမ်းခံရတယ်ဆိုကာ ကန့်ကွက် ဆန္ဒပြကြတဲ့ ဝီဂါ ၂၀၀ လောက်ကို ရဲက နှိပ်ကွပ်ခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ရာဂဏန်းနဲ့ချီရှိတဲ့ ဟန်တရုတ်တွေက တုတ်တွေ၊ ဓားတွေ၊ ဓားမြှောင်တွေ စတဲ့လက်နက်များ ကိုင်ဆောင်ပြီး လမ်းများပေါ် ထွက်လာကြလို့ ရဲက မျက်ရည်ယိုဗုံးများသုံးကာ လူစုခွဲရပါတယ်။ ဝီဂါတွေပိုင်တဲ့ ဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေကို ဟန်တရုတ်တွေက ဖျက်ဆီးပစ်လိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG