သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရကို ဖိအားတိုးဖို့ အမေရိကန်လုပ်ငန်းရှင်တချို့ တောင်းဆို


အမေရိကန် ဖိနပ် နဲ့ အဝတ်အစား ကုမ္ပဏီတွေ နဲ့ ဒီကုမ္ပဏီ က ကုန်ပစ္စည်း ဝယ်သူတွေကို ကိုယ်စားပြုတဲ့ စက်မှုလုပ်ငန်း အဖွဲ့တခု က မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေကို တားမြစ်တဲ့ အမေရိကန်ရဲ့ ဥပဒေ ကို ထပ်ပြီးတော့ သက်တမ်းတိုးဖို့ လွှတ်တော်အမတ်တွေကို တောင်းဆိုလိုက်ပါတယ်။

American Apparel and Footwear Association ဆိုတဲ့ ဒီအဖွဲ့က- ၂၀၀၃ ခုနှစ်က ချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံ လွတ်မြောက်ရေး နဲ့ ဒီမိုကရေစီ အက် ဥပဒေ အောက်မှာ မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့အရေးယူတဲ့ ဥပဒေ နောက်ထပ် သက်တမ်းတိုး ပြဋ္ဌာန်းဖို့ တိုက်တွန်းတဲ့ စာတစောင်ကို အမေရိကန် လွှတ်တော်အမတ်တွေထံကို ရေးပို့ခဲ့ကြတာပါ။

ဇူလိုင်လ ၂၆ ရက်နေ့မှာ သက်တမ်းကုန်တော့မှာ ဖြစ်ပြီး ၃ နှစ်တခါ သက်တမ်းတိုးရတဲ့ ဒီ ဥပဒေ ကို သက်တမ်းတိုးဖို့ အတွက် အားလုံး သဘောတူ ဆုံးဖြတ်ကြဖို့ အမေရိကန် အထက်နဲ့ အောက်လွှတ်တော် အမတ်တွေက လည်း စဉ်းစား နေကြပါတယ်။

ဒီဥပဒေကို ဆက်ပြီးတော့ သက်တမ်းတိုး ပြဌာန်းခြင်းအားဖြင့် မြန်မာနိုင်ငံသားတွေအပေါ် ရက်ရက်စက်စက် ပြုမူ ဆက်ဆံ နေတဲ့ မြန်မာစစ်အစိုးရ ကို သူတို့နဲ့ စီးပွားရေး အတူလုပ်ဖို့ အမေရိကန်က စိတ်မဝင်စားဘူး ဆိုတာမျိုး ပြတ်သားတဲ့ သတင်း စကား ပါးနိုင်မှာဖြစ်တယ်လို့ အခု တောင်းဆိုတဲ့အဖွဲ ရဲ့ အကြီးအကဲ Kevin Burke က ပြောပါတယ်။ ကမ္ဘာ့ဈေးကွက်မှာ ဖိနှိပ်သူတွေ အတွက် နေရာမရှိဘူး ဆိုတာကို ဖော်ပြဖို့ အမေရိကန် နဲ့အတူ နိုင်ငံတကာ အသိုင်းအဝန်း တခုလုံးက ပူးပေါင်း ပါဝင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်းလည်း မစ္စတာ Burke ကပြောသွားခဲ့ပါတယ်။

XS
SM
MD
LG