သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသင့်လုပ်ရောင်းအစားအစာများရဲ့ ဘေး စိုးရိမ်ရဖွယ်


ဇူလှိုင် ၈၊ ၂၀၀၉။ ကျန်းမာရေးနဲ့ကိုက်ညီအောင် အသေအချာချက်ပြုတ်စားသောက်တဲ့ အစားအစာတွေအစား ဈေးပေါပေါနဲ့ လွယ်လွယ်ရတဲ့ အသင့်လုပ်ပြီးရောင်းချတဲ့ အစားအစာ Fast Food တွေ အမေရိကန်မှာ ပိုလို့ စားသုံးလာကြပါတယ်။

ဒါဟာ အမေရိကန်ပြည်ထောင်စုတဝှမ်း စီးပွားရေးကျပြီး တဦးချင်းဝင်ငွေ ထိခိုက်မှုရဲ့ နောက်ဆက်တွဲ ကိစ္စပါ။ ဒီအတွက် ရေရှည်မှာ အဝလွန်ရောဂါ နှလုံးရောဂါနဲ့ အခြားကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ချေရှိတယ်လို့ အဟာရသိပ္ပံ ကျွမ်းကျင်သူတွေက သတိပေးလာရပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ အရင်ကတည်းက အသင့်လုပ်ပြီးအစားအစာတွေ စားသုံးလေ့ရှိတဲ့ နိုင်ငံ Fast Food Nation ရယ်လို့ သတ်မှတ်ကြတာပါ။ လေ့လာချက်တွေအရဆိုရင် အမေရိကန်ပြည်ထောင်စုမှာ တနှစ် တနှစ်ကို အသင့်လုပ်ပြီး အစားအစာ အမေရိကန်ဒေါ်လာ ဘီလီယံ ၁၁၀ဖိုး လူတွေ စားသုံးလေ့ရှိတယ်လို့ ဆိုပါတယ်။

အခု အမေရိကန်စီးပွားရေးကျတော့ အမေရိကန်တွေဟာ သူတို့နေ့စဉ်လူမှုဘဝမှာ အဲဒီ အသင့်လုပ်ပြီးအစားအစာတွေ ပိုလို သုံးစွဲလာကြပါတယ်။ Burger King ၊ Popeyes ၊ Wendy's ၊ McDonald စတဲ့ အသင့်လုပ်ရောင်းအစားအစာတွေ ဝယ်ယူစားသုံးခြင်းအားဖြင့် သူတို့အတွက် ပိုလို အကုန်အကျသက်သာပါတယ် လွယ်ကူစေပါတယ်။

ဒီအတွက် အမေရိကန်မှာ အဟာရသိပ္ပံကျွမ်းကျင်သူတွေက လူတွေဟာ ကျန်းမာစေတဲ့ အဟာရမျိုးမရပဲ၊ မလိုအပ်တဲ့ အဆီ ကိုလက်စထော စတဲ့ ဓါတ်တွေ ပိုများများ ရလာနိုင်တယ်လို့ သတိပေးလာကြတာပါ။ ဒီအကြောင်း အခု အပတ်ကျန်းမာရေးအစီအစဉ်မှာ တင်ပြထားပါတယ်။



ဆက်စပ်သတင်းများ ...

XS
SM
MD
LG