သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိုင်ဘေးရီးယား သမ္မတဟောင်းကို စစ်ရာဇဝတ်ခုံရုံး စတင်စစ်ဆေး


ယခင် လိုင်ဘေးရီးယား သမ္မတ ချားလ်စ် တေလာ ဟာ နယ်သာလန်နိုင်ငံ The Hague မြို့ နိုင်ငံတကာ စစ်ရာဇဝတ်ခုံရုံးမှာ ပထမဆုံး အစစ်ခံရင်း သူ့ရဲ့ အမှုဟာ လိမ်ညာမှုများအပေါ်မှာ အခြေခံထားတယ်လို့ ထွက်ဆိုသွားပါတယ်။ ၂၀၀၂ ခုနှစ်က ပြီးဆုံးသွားတဲ့ အိမ်နီးနားချင်း ဆီရာလီယွန် နိုင်ငံက သွေးချောင်းစီးခဲ့တဲ့ ပြည်တွင်းစစ်မှာ သူ ပါဝင်ခဲ့တယ် ဆိုတဲ့ မမှန်ကန်တဲ့ သတင်းအချက်အလက်များနဲ့ ကောလာဟလ များကို အခြေခံထားတဲ့အတွက် သူ့အပေါ် စွဲထားတဲ့အမှုဟာ ယုံကြည်ကိုးစားလောက်မှု မရှိဘဲ အလွန်အမင်း ကံမကောင်း အကြောင်းမလှ ဖြစ်ရတယ်လို့ မစ္စတာ တေလာ က ရုံးတော်ကို ပြောကြားလိုက်ပါတယ်။

သူ တသက်လုံး မှန်တယ်လို့ ယုံကြည်တဲ့အတိုင်း တိုက်ပွဲဝင်ခဲ့ကြောင်း သူ့သားသမီး ၁၄ ယောက်ကို ပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။ ဆီရာလီယွန် နိုင်ငံမှာ သွေးစွန်းနေတဲ့ စိန်တွေနဲ့ လက်နက်များ လဲလှယ်ပြီး တော်လှန်ရေးတပ်ဦးကို ထောက်ခံခဲ့တယ်လို့ အသက် ၆၄ နှစ်အရွယ်ရှိ လိုင်ဘေးရီးယား သမ္မတ ဟောင်း စွပ်စွဲခံနေရတာပါ။ အဲဒီစိန်တွေ ဆီရာလီယွန် နိုင်ငံက ခိုးထုတ်ခဲ့တယ် ဆိုတာဟာ လိမ်ညာမှု သက်သက်မျှသာ ဖြစ်တယ်လို့လည်း မစ္စတာ တေလာ က ရှင်းလင်းပြောဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG