သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီးကလင်တန် အာရှခရီးမထွက်မီ နိုင်ငံခြားရေးပေါ်လစီ မိန့်ခွန်း ပြောမည်


အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့ကို မထွက်ခွာမီ တရက်အလို ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က နိုင်ငံခြားရေး မူဝါဒဆိုင်ရာ မိန့်ခွန်းကို ဝါရှင်တန်ဒီစီမှာ ပြောဖို့ရှိပါတယ်။ ဒါဟာ ဂျွန်လအတွင်း တံတောင်ဆစ် မှာ ဒဏ်ရာရပြီးနောက်ပိုင်း ပထမဆုံးသွားမယ့် နိုင်ငံခြားခရီးစဉ်လည်း ဖြစ်ပါတယ်။ မစ္စက် ကလင်တန်ဟာ သောကြာနေ့မှာ အိန္ဒိယ နိုင်ငံ မွန်ဘိုင်းမြို့ကို ရောက်ရှိမှာဖြစ်ပြီး မနှစ်က မွန်ဘိုင်းမြို့ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသူတွေ အတွက် အမှတ်ရ အောက်မေ့ဖွယ် အခမ်းအနားကို တက်မယ့်အကြောင်း နိုင်ငံခြားဝန်ကြီးဌာနရဲ့ပြောခွင့်ရ ပုဂ္ဂိုလ် အီရန် ကလေ က ပြောပါတယ်။

တနင်္ဂနွေနေ့မှာတော့ နယူးဒေလီကို သွားပြီးတော့ နှစ်နိုင်ငံ ဗျူဟာမြောက် ဆက်ဆံရေး တိုးမြှင့်လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကို အိန္ဒိယ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပါလိမ့်မယ်။ နောက်တပတ် အင်္ဂါနေ့ ဂျူလိုင်လ ၂၁ရက်နေ့မှာတော့ မစ္စက် ကလင်တန်ဟာ ထိုင်းနိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး ဝန်ကြီးချုပ် အဘီဆစ် ဝက်ချာချီ၀ အပါအဝင် တခြား ထိုင်းနိုင်ငံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပါလိမ့်မယ်။ ဒီနောက်မှာတော့ ဖူးကက်မြို့မှာ ကျင်းပမယ့် အာစီယံ ဝန်ကြီးအဆင့် ဆွေးနွေးပွဲမှာ အမေရိကန် ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်ပြီး သူ့ရဲ့ ခရီးစဉ်ကို အဆုံးသတ်မှာ ဖြစ်ပါတယ်။ ဖူးကက်မှာ ပြုလုပ်မယ့် အာဆီယံ ဝန်ကြီးအဆင့် အစည်းအဝေးအတွင်း ဒေသတွင်း စီးပွားရေးကိစ္စ၊ ဝက်တုပ်ကွေးရောဂါ ပူးတွဲ တိုက်ဖျက်ရေး ကိစ္စတွေ အပါအဝင် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကိစ္စတွေကိုပါ ထည့်သွင်းဆွေးနွေးသွားလိမ့်မယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG