သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြန်ပေးဆွဲခံ ရုရှား လူ့အခွင့်အရေး လှုပ်ရှားသူ အမျိုးသမီး အသတ်ခံရ


ရုရှားနိုင်ငံက နာမည်ကြီး လူ့အခွင့်အရေးလှုပ်ရှားသူ အမျိုးသမီး နတ်တလျှာ အက်စတီ မီရိုဘာ ဟာ ချေချင်းညာ ဒေသမှာ ပြန်ပေးဆွဲခံရပြီးတဲ့နောက်ပိုင်း နာရီပိုင်းအကြာမှာပဲ သူသေဆုံးနေတာကို တွေ့ခဲ့ရတယ်လို့ ရုရှား အာဏာပိုင်တွေဘက်က ပြောပါတယ်။ သူ့ရဲ့ ခေါင်းနဲ့ ရင်ဘက်မှာ သေနတ်နဲ့ အပစ်ခံထားရတာကိုတွေ့ရပြီး၊ သူ့ရဲ့ အလောင်းဟာလည်း ကော့ကေးရှပ်စ် မြောက်ပိုင်း ချေချင်းညာ နယ်ခြားမှာ တွေ့ခဲ့ရတာပါ။

အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး ရုရှားသမ္မတ ဒင်မစ်တြီ မက်ဗီယဲဒဖ်က က တော်တော်လေးကို ဒေါသထွက်နေပြီး အဆင့်အမြင့်ဆုံး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ အမိန့်ထုတ်ထားတယ်လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ အီးယူ သမဂ္ဂကလည်း အခုကိစ္စကို ဆန့်ကျင် ရှုတ်ချပြီး ဒါဟာ တော်တော်ရက်စက်တဲ့ အပြုအမူပဲလို့ ပြောပါတယ်။ Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်မှု အဖွဲ့ကလည်း အခုကိစ္စနဲ့ ပတ်သက်ပြီး ရှုတ်ချအပြစ်တင် လိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG