သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆေးဝါးမလုံလောက်လို့ သြစတြေးလျနိုင်ငံက ဝက်တုပ်ကွေး ကူးစက်သူ ၆,၀၀၀ အထိ သေဆုံးနိုင်


A H1N1 ဝက်တုပ်ကွေး ရောဂါပိုးအတွက် ကာကွယ်ဆေးတွေ၊ ဆက်လက်မပြန့်ပွားအောင် ဟန့်တားနိုင်တဲ့ဆေးတွေ မတီထွင်နိုင်ဘူးဆိုရင် သြစတြေးလျနိုင်ငံသား ၆,၀၀၀ လောက် သေဆုံးနိုင်တဲ့ အန္တရာယ် ရှိနေတယ်လို့ သြစတြေးလျ ကျန်းမာရေးဝန်ကြီးက သတိပေးထားပါတယ်။

သြစတြေးလျ ကျန်းမာရေးဝန်ကြီး နစ်ကိုလာ ရော့က်စ်ဆန် (Nicola Roxon) က ဒီကနေ့ အေဘီစီ သြစတြေးလျ သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ဝက်တုပ်ကွေးရောဂါကို အဆိုးရွားဆုံး ရောဂါလက္ခဏာ အခြေအနေအဖြစ် ပြောဆိုခဲ့ပါတယ်။

သြစတြေးလျ အစိုးရအနေနဲ့ ဒီလို အဆိုးရွားဆုံး အခြေအနေကို မရောက်အောင် အောက်တိုဘာလကစပြီး ရောဂါကာကွယ်ဆေးတွေ ထုတ်လုပ်နိုင်အောင် စီမံဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

အာရှ-ပစိဖိတ်ဒေသက သြစတြေးလျနိုင်ငံမှာ ဝက်တုပ်ကွေးရောဂါ ကူးစက်ပြန့်ပွားမှု အများဆုံးဖြစ်ပြီး ရောဂါကူးစက်သူ ၁၁,၀၀၀ ကျော်မှာ သေဆုံးသူ ၂၂ ဦး ရှိနေပါတယ်။

မြန်မာနိုင်ငံမှာတော့ ဝက်တုပ်ကွေးရောဂါ ဖြစ်ပွားသူ နောက်ထပ်တယောက် တွေ့ခဲ့တယ်လို့ မြန်မာအစိုးရ သတင်းဌာနမှာ ဖော်ပြထားပြီး သူဟာ ထိုင်းနိုင်ငံက ပြန်လာတဲ့ အသက် ၅၁ နှစ်အရွယ် အမျိုးသား ဖြစ်တယ်လို့လည်း ဆိုပါတယ်။ သူဟာ တတိယမြောက် ဝက်တုပ်ကွေးရောဂါ ကူးစက်ခံရသူ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG