သုံးရလွယ်ကူစေသည့် Link များ

အာဇာနည်နေ့ကိုဖြင့် မမေ့အပ်ပါသလေ


မြန်မာ့လွတ်လပ်ရေး ဖခင်ကြီးလို့ မြန်မာပြည်သူတွေက သတ်မှတ်ခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် သူနဲ့အတူ အာဇာနည်ခေါင်းဆောင်တွေ လုပ်ကြံခံခဲ့ရတာ လာမယ့် တနင်္ဂနွေနေ့ ဂျူလိုင်လ ၁၉ ရက်နေ့ဆိုရင် ၆၂ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ အခုလို ကြေကွဲဝမ်းနည်းစရာ အခါသမယမှာ နယ်ချဲ့လက်အောက်က လွတ်မြောက်ဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဦးဆောင်ပြီး မျိုးချစ်မြန်မာနိုင်ငံ သားတွေ တိုက်ပွဲဝင် ရုန်းကန်လှုပ်ရှားကြတာကိုလည်း ပြန်ပြောင်း အောက်မေ့ သတိရစေခဲ့ပါတယ်။ ဒါကြောင့် အဲဒီအချိန်က ဖြစ်ရပ်ကလေးတချို့နဲ့ ပတ်သက်ပြီး ဒီနေ့ဒီအချိန်အထိ သက်ရှိထင်ရှားရှိနေဆဲ မြန်မာအမျိုးသမီးတချို့က ပြန်ပြောင်းပြောပြခဲ့ တာတွေကို - ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ဆက်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG