သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်က ကမ္ဘာ့ အသက်အကြီးဆုံး ပုဂ္ဂိုလ် ကွယ်လွန်


ကမ္ဘာ့ အသက်အကြီးဆုံး အမျိုးသား၊ ပထမကမ္ဘာစစ် ဗြိတိသျှ စစ်မှုထမ်းဟောင်း ဟင်နရီ အယ်လင်ဂမ် (Henry Allingham) ဟာ အသက် ၁၁၃ နှစ်အရွယ် ဒီနေ့ အင်္ဂလန်တောင်ပိုင်း ကမ်းရိုးတန်းက သက်ကြီးဂေဟာမှာ ကွယ်လွန်သွားပါပြီ။ ဘုရင့်လေတပ်မတော် ဗုံးကြဲလေယာဉ်မှာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး သားသမီး မြေးမြစ် တီ ကျွတ် ၃၀ ကျော် ကျန်ခဲ့ပါတယ်။

စီးကရက်၊ ဝီစကီအရက်နဲ့ ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း မိန်းမများကြောင့် သူ အသက်ရှည်ခဲ့ရတာလို့ ရာစု ၃ စု၊ ဘုရင်၊ ဘုရင်မ ၆ ပါးနဲ့ ကမ္ဘာစစ်ကြီး ၂ ခုကို ဖြတ်သန်းခဲ့သူ ဖိုးသက်ရှည်ကြီးက ပြောလေ့ရှိပါတယ်။

ကမ္ဘာ့ အသက်အကြီးဆုံး အမျိုးသမီး ဂါ့တ်ရုဒ် ဘန်းစ် (Gertrude Baines) ကတော့ အသက် ၁၁၅ နှစ်အရွယ် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ အသက်ရှင်နေဆဲ ဖြစ်ပါတယ်။

ဒီနေ့မနက် ကွယ်လွန်သွားတဲ့ အင်္ဂလန်နိုင်ငံက ဖိုးသက်ရှည်ကြီးကို ဂုဏ်ပြုကြတဲ့ အထဲမှာ ဗြိတိသျှ ဘုရင်မကြီး အဲလစ်ဇဘက် (Elizabeth) နဲ့ ဗြိတိသျှ ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) တို့လည်း ပါဝင်ပါတယ်။

မနှစ်က အိန္ဒိယနိုင်ငံမှာ ကွယ်လွန်သွားသူ ဟက်ဘစ် မီရန်း (Habib Mian) က အသက် ၁၃၈ နှစ်ရှိတယ်လို့ ဆိုပေမယ့် သူ့ရဲ့မွေးနေ့ကို အတည်ပြုချက် မရတာနဲ့ Guiness Book ခေါ် ကမ္ဘာ့မှတ်တမ်းထဲမှာ စာရင်းမဝင် ဖြစ်ခဲ့ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG