သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လပေါ် လူရောက် နှစ် ၄၀ ပြည့်


လကမ္ဘာပေါ်ကို လူသားတို့ ပထမဆုံး ခြေချနိုင်ခဲ့တာ အနှစ် ၄၀ ပြည့်တဲ့ တနင်္လာနေ့မှာ လပေါ်မှာ ပထမဆုံး လမ်းလျှောက် ခဲ့ကြတဲ့ အမေရိကန် အာကာသ ယာဉ်မှူးကြီးတွေဟာ အမေရိကန် သူရဲကောင်းကြီးတွေ ဖြစ်တယ်လို့ သူတို့ကို တွေ့ဆုံခဲ့တဲ့ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောလိုက်ပါတယ်။

၁၉၆၉ ခုနှစ်က အပိုလို ၁၁ အာကာသယာဉ်နဲ့ လကမ္ဘာပေါ် တက်ခဲ့ကြတဲ့ ဝါရင့် အာကာသ ယာဉ်မှူးကြီးတွေ ဖြစ်ကြတဲ့ နေးလ် အမ်းစထရောင်း (Neil Armstrong)၊ ဘတ်ဇ် အော်လ်ဒွင် (Buzz Aldrin) နဲ့ မိုက်ကယ် ကောလင်းစ် (Michael Collins) တို့ ၃ ယောက်ကို အိမ်ဖြူတော်မှာ သမ္မတက တွေ့ဆုံ ဧည့်ခံခဲ့တာပါ။ အမေရိကန် သူရဲကောင်းကြီးတွေလို့ သမ္မတက ဖော်ပြပြောဆိုတဲ့ သူတို့ ၃ ယောက်ကို ဧည့်ခံရတာဟာ သူ့အတွက် အင်မတန်မှ ထူးခြားတဲ့ စိတ်ပျော်ရွှင်မှုကို ခံစားရပါ တယ် လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

ဒီ အာကာသ သူရဲကောင်းကြီး ၃ ယောက်ဟာ နောင် အဆက်ဆက်ဖြစ်လာတဲ့ အင်ဂျင်နီယာတွေ၊ သိပ္ပံပညာရှင်တွေ အားလုံးအတွက် အားကျအတုယူစရာ ပုဂ္ဂိုလ်ကြီးတွေ ဖြစ်ပါတယ်လို့လည်း ဆိုပါတယ်။

မစ္စတာ နေးလ် အမ်းစထရောင်းက ပထမဆုံး လမျက်နှာပြင်ပေါ်မှာ လမ်းလျှောက်သူဖြစ်ပြီး လူတယောက်အတွက် ခြေလှမ်းသေးလေးတခုက လူသားမျိုးနွယ် တခုလုံးအတွက် ကြီးကျယ်တဲ့ ခြေလှမ်းကြီးအဖြစ် လပေါ် လမ်းလျှောက်ခဲ့ရတဲ့ သူ့ရဲ့ အတွေ့အကြုံကို အမှတ်ရနေမှာပါလို့ ကမ္ဘာမြေကို ပြန်ရောက်တဲ့အခါ ပြောခဲ့တဲ့စကားဟာ ကမ္ဘာကျော်ခဲ့ပါတယ်။

လပေါ်မှာ ဒုတိယမြောက် လမ်းလျှောက်ခဲ့သူ မစ္စတာ ဘတ်ဇ် အော်လ်ဒွင်ကလည်း အမေရိကန် ပြည်ထောင်စုအနေနဲ့ အင်္ဂါဂြိုဟ်ကိုသွားတဲ့ အစီအစဉ်တွေ စလုပ်သင့်ပြီလို့ ပြောပါတယ်။ အင်္ဂါဂြိုဟ်ဟာ တခြားဂြိုဟ်တွေထက်စာရင် လူသားတွေ နေထိုင်နိုင်ဖို့ ပိုပြီးသင့်လျော်ပုံ ရတယ်လို့ ဝါရင့် အာကာသ ယာဉ်မှူးကြီးက ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG