သုံးရလွယ်ကူစေသည့် Link များ

မြန်မာ့အရေးကို နိုင်ငံတကာက လက်မြောက်ခဲ့ရင် ဘာဆက်လုပ်ကြမလဲ


၂၀၁၀ ခုနှစ်ကျရင် မြန်မာနိုင်ငံမှာ ကျင်းပမယ်လို့ စစ်အစိုးရက ကြေငြာထားပါတယ်။ ဒါပေမယ့် ဒီရွေးကောက်ပွဲဟာ ဒီမိုကရေစီကို မဖော်ဆောင်နိုင်ဘူးလို့ ဒီမိုကရေစီရေး အင်အားစုတွေက ပြောနေကြပါတယ်။ ဒီအတိုင်းပဲ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ပံ့ပိုးမှုနဲ့ ဒီလမ်းကြောင်းကို ပြုပြင်ဖို့ ကြိုးစားပေမယ့်လည်း အခုထိ အောင်မြင်မယ့် အလားအလာကို မတွေ့ရသေးပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲ တကယ် ဖြစ်လာတော့မယ် ဆိုရင် လက်ပိုက်ကြည့်နေကြမလား၊ ဒီဟာကို ဟန့်တား ဆန့်ကျင် ကြမလား၊ အဲဒီ လမ်းကြောင်းအတိုင်းပဲ လိုက်ပါ ချီတက်ကြမလား ဆိုတာကို ဆုံးဖြတ်ရတော့မယ့်အချိန် ရောက်နေပြီမို့ ဒီအကြောင်း ဆွေးနွေးရအောင် CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မီတီ အတွင်းရေးမှူး ဦးအေးသာအောင်၊ မြန်မာ့အရေး လှုပ်ရှား ဆောင်ရွက်နေတဲ့ ဒေါက်တာ မန်းမြင့်ဆိုင် တို့နဲ့ သောတရှင်တွေကို ဦးကျော်ဇံသာက တွေ့ဆုံ ပေးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG