သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် သံမဏိကုမ္ပဏီ အလုပ်သမားတွေ ဆန္ဒပြ


တုန်ဟွာ သံနဲ့ သံမဏိလုပ်ငန်းကြီးကို ဘေဂျင်းအခြေစိုက်အစိုးရ ကုမ္ပဏီဖြစ်တဲ့ ရှန်လောင်းသံမဏိ ဦးပိုင် ကုမ္ပဏီက ရှယ်ယာ အများအပြား ဝယ်ယူပြီး လက်ဝါးကြီး အုပ်တော့မယ့် သတင်းကြောင့် တရုတ်ပြည် အရှေ့ဘက်ပိုင်း တုန်ဟွာမြို့မှာ တုန်ဟွာ သံမဏိကုမ္ပဏီ အလုပ်သမားတွေ ဆန္ဒပြကြပြီး ရဲတွေနဲ့ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ခဲ့တာမှာ ရှန်လောင်းဦးပိုင် အရာရှိတဦး ကုမ္ပဏီ အလုပ်သမားတွေရဲ့ ရိုက်နှက်မှုနဲ့ သေဆုံးသွားခဲ့ပါတယ်။ သေဆုံးသူဟာ ရှန်လောင်းဦးပိုင် ကုမ္ပဏီရဲ့ အထွေထွေ မန်နေဂျာတဦးဖြစ်ပြီး သူ့ရဲ့ တနှစ်တာ လစာဝင်ငွေဟာ မနှစ်ကဆိုရင် အမေရိကန် ဒေါ်လာ ၄သိန်းကျော် ရရှိပြီး တုန်ဟွာ သံမဏိကုမ္ပဏီအလုပ်သမားတယောက် အငြိမ်းစားယူရင် တလကို အမေရိကန်ဒေါ်လာ ၂၉ဒေါ်လာပဲ ရတာကြောင့် အခွင့်အရေး မညီမျှမှုအတွက် တုန်ဟွာ သံနဲ့ သံမဏိ အလုပ်သမား သုံးသောင်းလောက်က မကျေမနပ်ဖြစ်ခဲ့ကြတယ်လို့ ဟောင်ကောင်အခြေစိုက်လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအဖွဲ့ သတင်းပြန်ကြားရေးဌာနက ပြောဆိုပါတယ်။

XS
SM
MD
LG