သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ဂုဏ်ပြု


Amnesty International ခေါ် လူ့အခွင့်အရေး အဖွဲ့ကြီးက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အမြင့်ဆုံး ဂုဏ်ပြုတဲ့အနေနဲ့ ယုံကြည်ချက်ဆိုင်ရာ ဂုဏ်ထူးဆောင် သံအမတ်ဆု (Ambassador of Conscience) ချီးမြှင့်မယ်လို့ ဆိုပါတယ်။

အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့ (Dublin) မှာ U2 အဖွဲ့ရဲ့ ဂီတပဒေသာပွဲမှာ ကိုယ်တိုင်ကလည်း အဲဒီဆု ရရှိထားသူ အဆိုတော် ဘိုနို (Bono) က တရားဝင် ကြေညာပါမယ်။

ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးဖို့ ပြည်ပမှာ ဂုဏ်ပြု တောင်းဆိုနေကြတဲ့ တချိန်တည်းမှာပဲ ပြည်တွင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဝတ်ပြုဆုတောင်းပွဲများ ဆက်လက်ပြုလုပ်နေရာ ဒီနေ့ မန္တလေး၊ ရေနံချောင်း စတဲ့မြို့များမှာ ပြုလုပ်တယ်လို့ သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG