သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိန်းချုပ်မှုနဲ့ဆိုင်တဲ့ အီဒီယံအသုံးအနှုန်းများ


ဒီသတင်းပတ် အင်္ဂလိပ် အမေရိကန် အီဒီယံ သင်ခန်းစာမှာ hold on to your hat, hold your horses, နဲ့ hold the phone တို့ကို တင်ပြထားပါတယ်။

Hold on to your hat – Hold on (ဆက်ကိုင်ထားပါ၊ မြဲမြဲကိုင်ထားပါ)၊ Your (သင်ရဲ့) Hat (ဦးထုပ်) - တိုက်ရိုက်လုံးကောက် အဓိပ္ပါယ်က သင့်ရဲ့ ဦးထုပ်ကို ဆက်ကိုင်ထားပါ ဖြစ်ပါတယ်။ အီဒီယံ ဘန်းစကားအဓိပ္ပါယ်ကတော့ တဦးတယောက်က ကိုယ်ကို (သင့်ကို) hold on to your hat လို့ ဆိုလိုက်ရင် မမျှော်လင့်ထားတဲ့ ကိစ္စတခုခုကို ပြောမှာ ဖြစ်တာမို့ ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားပါဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ သတင်းကောင်း ဖြစ်နိုင်သလို သတင်းဆိုးလည်း ဖြစ်နိုင်ပေမဲ့ ကိုယ် မမျှော်လင့်ထားတဲ့ သတင်းဖြစ်တာကတော့ သေချာပေါက် ဖြစ်ပါတယ်။

George Crow ပေးတဲ့ဥပမာကို လေ့လာကြည့်ရအောင် -

"Remember Joe Smith we thought he'd never amount too much. Well, hold on to your hat! I read in the business magazine that he rans a big computer software firm, and now he is one of the most successful executives a whole high-tech market." (he'd = he would)"

Joe Smith ကို မှတ်မိတယ် မဟုတ်လား။ သူ့ကိုတော့ မယ်မယ်ရရ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးလို့ ကျနော်တို့တတွေ ထင်ခဲ့ကြတယ်။ အံ့အားသင့်စရာ ပြောရဦးမယ်ဗျာ။ သူက အခုလက်ရှိ ကွန်ပြူတာ software ကုမ္မဏီကြီး တခုကို ပိုင်ဆိုင်တယ်လို့ စီးပွားရေး မဂ္ဂဇင်း တစောင်မှာ ကျွန်တော် ဖတ်လိုက်ရတယ်။ အခု သူက အဆင့်မြင့် နည်းပညာ ဈေးကွက်မှာ အောင်မြင်မှု အရှိဆုံး အမှုဆောင် အရာရှိကြီးတဦး ဖြစ်နေပြီ။"

Hold your horses - (ဆုပ်ကိုင်သည်၊ ထိန်းချုပ်ထားသည်)၊ Horses (မြင်းများ) ဖြစ်ပြီး စကားစု တခုလုံးရဲ့ အဓိပ္ပါယ်က သင့်ရဲ့ မြင်းများကို ထိန်းချုပ်ထားပါ လို့ တိုက်ရိုက် ပြန်ဆိုနိုင်ပါတယ်။ ဒီစကား ဆင်းသက်လာတာကတော့ ရှေ့ခေတ်တုန်းက တနေရာက တနေရာကို သွားကြတဲ့အခါ မြင်းတွေကို အသုံးပြု သွားလာကြရပါတယ်။ ဒီအသုံးကို မြင်းရထား မောင်းနှင်သူတွေ ပြောဆိုလေ့ရှိပါတယ်။ မြင်းဇတ်ကြိုးကို ခဏကိုင်ထားပြီးတော့ ရပ်ခိုင်းထားပါ ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ ယနေ့ ခေတ် အီဒီယံ အသုံးနှုန်းအနေနဲ့ စိတ် အေးအေးထားဖို့၊ ဒေါမပွဖို့၊ စိတ်ရှည်ရှည်ထားဖို့ ပြောဆိုတာ ဖြစ်ပါတယ်။

အောက်ဖော်ပြပါ ဥပမာမှာ ခိုင်းထားတဲ့အလုပ် မပြီးသေးသူကို လုပ်ဖော်ကိုင်ဖက်တဦးကနေ စိတ်အေးအေးထားဖို့ ဖြောင့်ဖျပြောဆိုတဲ့ ဥပမာဖြစ်ပါတယ်။

"Harry, hold your horses a minute. Just take it easy. What's the real problem here? Let's sit down and talk about it. I think we can figure out a way to get the job done. So you can turn it into the boss on time."

“Harry ရေ စိတ် အေးအေးထားပါဗျာ။ ပြဿနာ ဘာဖြစ်နေတာလဲ။ လာ ကျနော်တို့ ထိုင်ပြီး ဒီအရေးကိစ္စအကြောင်း ပြောကြရအောင်။ ကျနော်တို့ ဆရာထံကို အချိန်မီ တင်သွင်းနိုင်ဖို့ အလုပ်ကို ဘယ်လိုပြီးအောင် လုပ်ကြမလဲ ဆိုတာကို ကျွန်တော်တို့ တိုင်ပင် စဉ်းစားကြမယ်ဗျာ။"

Hold the phone – Hold (ကိုင်ထားသည်)၊ Phone (တယ်လီဖုန်း) - စကားစု တခုလုံးရဲ့ အဓိပ္ပါယ်ကတော့ တယ်လီဖုန်း ကိုင်ထားပါ ဖြစ်ပါတယ်။ ဒီအသုံးအနှုန်းရဲ့ အီဒီယံ အဓိပ္ပါယ်ကတော့ ဒီစကားစုကို အသုံးပြုတဲ့ အခြေအနေပေါ်မှာ ကွဲပြားပါတယ်။ ဥပမာ - လုပ်နေတာကို ဆက်မလုပ်ပဲ ရပ်လိုက်ပါလို့ အဓိပ္ပါယ် ယူနိုင်သလို။ ခဏနေဦး၊ အေးအေးဆေးဆေး စဉ်းစဉ်းစားစား ပြောဆိုကြရအောင်။ ဒါမှမဟုတ် ဘာမှ မပြောပါနဲ့ဦး ကျနော်/ကျွန်မ ကို ပြောခွင့်ပေးပါဦး စတဲ့ အခြေအနေပေါ်မူတည်ပြီး အဓိပ္ပါယ်အမျိုးမျိုး ကောက်ယူနိုင်ပါတယ်။

ဥပမာမှာ ယောကျ်ားဖြစ်သူက အိမ်ကို ၃ နာရီနောက်ကျပြီရောက်လာတယ်။ သူလည်း တခါးပေါက်က ဝင်လာချိန် ဇနီးဖြစ်သူ ဒေါသဖြစ်နေတာကိုတွေ့ရတယ်။ နောက်ကျမယ့်အကြောင်း တယ်လီဖုန်းမဆက်နိုင်ဘူးလားလို့ ဇနီးဖြစ်သူ စပြီးပြောဆိုတော့ သူက အောက်ပါအတိုင်း ပြန်ဖြေပြောကြပါတယ်။

"Honey, I know you are upset, but just hold the phone a moment and give me a chance to explain. There was a bad crash on the way and I sat in traffic for hours until it was cleared up."

"အချစ်ရေ မင်း စိတ်ဆိုးနေတာကို ကိုသိပါတယ်။ ဒါပေမဲ့ ခဏလောက် သည်းခံပြီး ကိုယ် ရှင်းပြချင်တာကို ပြောခွင့်ပေးပြောပါ။ ကိုယ်ပြန်လာတဲ့ လမ်းမှာ အတော်ဆိုးဝါးတဲ့ ကားတိုက်မှုကြီးနဲ့ သွားတိုးနေလို့ လမ်းတွေ ရှင်းလင်းတဲ့အထိ နာရီပေါင်းများစွာ ကားထဲမှာ ထိုင်စောင့်နေခဲ့ရတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG