သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့စီးပွားရေး တိုးတက်မှု ပူးပေါင်းဆောင်ရွက်ဖို့ အမေရိကန် တရုတ် သဘောတူ


ဝါရှင်တန်မှာ ၂ ရက်ကြာ ကျင်းပခဲ့တဲ့ အမေရိကန်နဲ့ တရုတ် ၂ နိုင်ငံ ပြောဆိုဆွေးနွေးမှုမှာ ကိစ္စရပ် အတော်များများကို ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောပါတယ်။

တရုတ် ဒု-ဝန်ကြီးချုပ် ဝမ်ကျီရှန်း (Wang Qishan) အပါအဝင် တရုတ်ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က အင်္ဂါနေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့တာပါ။ မြောက်ကိုရီးယားနဲ့ အီရန်နိုင်ငံရဲ့ နျူကလီးယားကိစ္စ အပါအဝင် နိုင်ငံခြားရေး မူဝါဒတွေနဲ့ ပတ်သက်ပြီး အတူတကွ လုပ်ဆောင်ကြဖို့ ၂ နိုင်ငံစလုံးက သဘောတူခဲ့တယ်လို့ ဝန်ကြီး ကလင်တန်က ပြောပါတယ်။

အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ဟာ လူ့အခွင့်အရေးကိစ္စနဲ့ ပတ်သက်ပြီး အမြင်သဘောထား မတူညီခဲ့ပေမယ့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချတဲ့နိုင်ငံအဖြစ် အမြန်ဆုံး အသွင်ပြောင်းရေးနဲ့ ပတ်သက်ပြီး သဘောတူခဲ့ကြပါတယ်။

ဒါ့အပြင် ပြောဆိုဆွေးနွေးမှုတွေ အပြီးမှာ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ဆောင်သွားကြဖို့အတွက် နှစ်ဖက်စလုံးက သဘောတူခဲ့တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး တင်မသီ ဂိုက်သ်နာ (Timothy Geithner) က ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG