သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၆၄နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည်အတွက် သီချင်း


အခုတပါတ်အနုပညာမိုးကောင်းကင်အစီအစဉ်မှာတော့ ၆၄နှစ်ရှိပြီဖြစ်တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်း စုကြည်ကို ဂုဏ်ပြုဖွဲ့ဆိုထားတဲ့ သီချင်းတပုဒ်ကိုကြားရမှာပါ။ Generation Wave မျိုးဆက်သစ်လူငယ်များအစည်းအရုံး က ထုတ်လုပ်တဲ့ “ငါတို့အမေ”ဆိုတဲ့သီချင်းပါ။ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုနဲ့အတူ ပေါ်ထွက်လာခဲ့တဲ့ Generation Wave အဖွဲ့ထဲမှာ လူငယ် အနုပညာရှင်တွေလည်း ပါဝင်ကြပြီး သူတို့အထဲက HIP HOP အဆိုတော် ဇေယျာသော်အပါ အဝင် လူငယ်တချို့ဟာလည်း အဖမ်းခံနေကြရပါတယ်။ အခုအစီအစဉ်မှာတော့ Generation Wave အဖွဲ့သား ကိုလင်း နောင်က ဒီသီချင်း ဖန်တီးထုတ်လုပ်ရတဲ့အကြောင်း ရှင်းပြပါလိမ့်မယ်။ ကိုကျော်အောင်လွင်က တင်ဆက်ပေးမှာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG