သုံးရလွယ်ကူစေသည့် Link များ

မြောက်ကိုရီးယားက ဖမ်းထားတဲ့ ငါးဖမ်းသင်္ဘော ပြန်အပ်ဖို့ တောင်ကိုရီးယား တောင်းဆို


တောင်ကိုရီးယားပိုင် ငါးဖမ်းသင်္ဘောတစင်းကို မြောက်ကိုရီးယားဘက်က သင်္ဘောနဲ့ဆွဲပြီး မြောက်ကိုရီးယား ဆိပ်ကမ်းတခုကို သယ်သွားတယ်လို့ တောင်ကိုရီးယား အရာရှိတွေက ပြောပါတယ်။

Yeonan 800 လို့ အမည်ပေးထားတဲ့ အဲဒီ ငါးဖမ်းသင်္ဘောရဲ့ GPS ဆက်သွယ်ရေး ဂြိုဟ်တုကတဆင့် လမ်းပြတဲ့ မြေပုံစနစ် ပျက်သွားတဲ့အတွက် မြောက်ကိုရီးယား ရေပိုင်နက်ထဲ ၁၁ ကီလိုမီတာလောက် ၀င်သွားတဲ့အချိန်မှာ အခုလို ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ခံလိုက်ရတာလို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတွေက ပြောပါတယ်။

အဲဒီ ငါးဖမ်းသင်္ဘောနဲ့အတူ ပါလာတဲ့ သင်္ဘောသားတွေကို မြောက်ကိုရီးယား ကင်းလှည့်ယာဉ်က ဖမ်းဆီးပြီး အရှေ့ပိုင်း ဂျန်ဂျွန်း (Jangjon) ဆိပ်ကမ်းကို ခေါ်သွားခဲ့တာလို့ ဆိုပါတယ်။

လူသားချင်း စာနာထောက်ထားတဲ့ အနေနဲ့ ငါးဖမ်းသင်္ဘောကို ချက်ချင်း ပြန်လွှတ်ပေးဖို့ မြောက်ကိုရီးယား ရေကြောင်းဆိုင်ရာ အာဏာပိုင်တွေထံ အကြောင်းကြားထားတယ်လို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ အဲဒီ တောင်းဆိုချက်ကို မြောက်ကိုရီးယားက လက်ခံခဲ့ပြီး စဉ်းစားပေးမယ်လို့ အကြောင်းပြန်ခဲ့တယ်လို့လည်း အဲဒီ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG