သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကဒ်လူမျိုးတွေကို မောင်းထုတ်မှု အီရတ် ဒုဝန်ကြီးချုပ်ဟောင်း ထောင်ဒဏ်အပြစ်ပေးခံရ


အီရတ်နိုင်ငံမှာ အာဏာရှင်ဟောင်း ဆဒမ်ဟူစိန်လက်ထက်က နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ Kurds လူမျိုးတွေကို မောင်းထုတ်ခဲ့တဲ့ အတွက် အီရတ်နိုင်ငံက အမြင့်ဆုံးတရားရုံးက ဒုဝန်ကြီးချုပ်ဟောင်း တရိခ်အာဇစ် ကို ထောင်ဒဏ် ၇ နှစ်ချမှတ် လိုက်ပါတယ်။ အီရတ်နိုင်ငံရဲ့ အဆင့်မြင့်ခုံရုံးကနေ တနင်္ဂနွေနေ့မှာ အခုလို ချမှတ်လိုက်တာဖြစ်ပါတယ်။ တာရိခ်အဇစ်ဟာ အီရတ်နိုင်ငံက ကူဝိတ်နိုင်ငံကို ကျူးကျော်တဲ့ ၁၉၉၁ ပင်လယ်ကွေ့ စစ်ပွဲတုန်းက ဒုဝန်ကြီးချုပ်အဖြစ်နဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

အီရတ်အစိုးရအတွက် ပြောရေးဆိုခွင့် ရှိသူအဖြစ်နဲ့လည်း လုပ်ခဲ့ပါသေးတယ်။ ဒါ့အပြင် လက်ရှိ အီရတ်အစိုးရရဲ့ ဝန်ကြီး နိုရီအယ်မာလီကီဟာ မြေနဲ့ ရေနံပြဿနာကို ဖြေရှင်းဖို့အတွက် ကာဒစ်ရှ်ဒေသကို သွားရောက်ပြီးတော့ ဒေသခံ နိုင်ငံရေး သမားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ မစ္စတာ မာလီကီဟာ ဆူလေမာနီးယားမြို့အနီးမှာ ကာဒစ်ရှ်ဒေသရဲ့ အသစ် ရွေးချယ်ခံလိုက်ရ တဲ့ သမ္မတအသစ်နဲ့ အီရတ်နိုင်ငံသမ္မတ ဂျလား တာလာဘာနီနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အီရတ်သမ္မတဟာလည်း ကာ့ဒ်လူမျိုး ဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးမှုအပြီးမှာတော့၊ ၂ ဘက်စလုံးက သဘောထားကွဲလွဲနေတာတွေကို ဆက်ပြီးတော့ ပြောဆို ဆွေးနွေးသွားဖို့ သဘောတူခဲ့တယ်လို့ မစ္စတာ မာလီကီက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG