သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အမာဒီနီ ဂျက်ဒ်ကို အီရန် ဦးစီးခေါင်းဆောင် ထောက်ခံ


အီရန် ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ (Ayatollah Ali Khamenei) က လက်ရှိသမ္မတ မာမွတ်ဒ် အမာဒီနီ ဂျက်ဒ် (Mahmoud Ahmadinejad) ကို ဒုတိယအကြိမ် သမ္မတအဖြစ် အမှုထမ်းဖို့ တရားဝင် အသိအမှတ် ပြုလိုက် ပါတယ်။

အခုလို တရားဝင် အသိအမှတ်ပြုတဲ့ အခမ်းအနားကို ဒီနေ့ တီဟီရန်မြို့မှာ ကျင်းပရာ ဒီအခမ်းအနားကို အတိုက်အခံ ခေါင်းဆောင်တွေနဲ့အတူ တခြားပြည်သူတွေက သပိတ်မှောက်ခဲ့ကြပါတယ်။

မစ္စတာ အမာဒီနီ ဂျက်ဒ်ဟာ သြဂုတ်လ ၅ ရက်နေ့ကျရင် ပါလီမန်ရှေ့မှောက်မှာ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုမှာ ဖြစ်ပါတယ်။ အဲဒီနေ့ကစလို့ နှစ်ပတ်အတွင်းမှာ သမ္မတ အမာဒီနီ ဂျက်ဒ်အနေနဲ့ သူ့ရဲ့ အစိုးရအဖွဲ့အတွင်းမှာ ဘယ်သူတွေ ပါဝင်မလဲ ဆိုတာကို လူသိရှင်ကြား ကြေညာရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့ ရွေးကောက်ပွဲအပြီး နိုင်ငံရေးသမားတွေ၊ ဆန္ဒပြသူတွေ၊ နိုင်ငံရေး လှုပ်ရှားသူတွေ ရာပေါင်း များစွာ အဖမ်းဆီး ခံခဲ့ရပြီး ပြီးခဲ့တဲ့ စနေနေ့ကစလို့ အဖမ်းခံရသူတွေထဲက အယောက် ၁၀၀ ကျော်လောက်ဟာ တရားရုံးမှာ ရုံးတင်စစ်ဆေး ခံခဲ့ရပါတယ်။

အီရန်သမ္မတဟောင်း မိုဟာမက် ခါတာမီ (Mohammad Khatami) ကတော့ အခုလို ရုံးတင် စစ်ဆေးမှုတွေဟာ ဖွဲ့စည်း အုပ်ချုပ်ပုံနဲ့ မကိုက်ညီဘူးလို့ ကန့်ကွက်ဝေဖန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG