သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိမ် စကားလုံးအခြေခံ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် အိမ် (house) စကားလုံးအခြေခံ အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ put your house in order နဲ့ to clean house တို့ကို တင်ပြထားပါတယ်။

ပထမ အီဒီယံအသုံးအနူန်းကတော့ put your house in order - put (ပြုလုပ်သည်)၊ (in order) စနစ်တကျရှိစေသည်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ သင်ရဲ့ အိမ်ကို စနစ်တကျ သန့်သန့်ပြန့်ပြန့်ထားပါ ဖြစ်ပါတယ်။ ဒီ အသုံးအနှုန်းကို အခြေအနေ နှစ်ရပ်နဲ့ ပတ်သက်ပြီး သုံးနိုင်ပါတယ်။ ပထမအသုံးကတော့ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စကို ဖြေရှင်းထားတယ်လို့ အဓိပ္ပာယ် ရပါတယ်။

George Crow ပေးတဲ့ ဥပမာမှာ ဦးလေးတော်စပ်သူက သူမသေခင် သူ့အမွေကို မိသားစုအတွက် အဆင်ပြေအောင် စိတ်အေးရအောင် ကြိုတင်စီစဉ်ပေးထားတဲ့ အကြောင်းဖြစ်ပါတယ်။

"Before he died, Uncle Bob put his house in order. He paid all his debts and left his insurance policy, his will and other important papers in a big envelope on his wife's desk."
"သူမဆုံးခင် ဦးလေး Bob က သူကိစ္စတွေကို နှောင်ရေးအေးရလေအောင် စနစ်တကျ စီစဉ်ထားခဲ့ပါတယ်။ သူ့အကြွေးတွေအားလုံးကို ပေးဆပ်ခဲ့တယ်၊ အာမခံပေါ်လစီတွေလည်း ထားခဲ့တယ်။ အမွေစာချုပ်လည်း ထားခဲ့ပါတယ်။ အရေးကြီးတဲ့ စာရွက်စာတမ်းတွေကိုလည်း အိတ်ကြီးတအိတ်ထဲမှာထားခဲ့ပြီး သူ့ဇနီးရဲ့ စာကြည့်စာပွဲပေါ်မှာ တင်ထားခဲ့တယ်။"

Put your house in order အသုံးရဲ့ နောက်အဓိပ္ပါယ်တမျိုးကတော့ စီးပွားရေးလုပ်ငန်း (သို့) အဖွဲ့အစည်းတခုအတွင်း (သို့) နိုင်ငံအတွင်းမှာ ကမောက်ကမ ဖြစ်နေတာကို စနစ်တကျပြန်ဖြစ်အောင် ပြုလုပ်ရာမှာလည်း အသုံးပြုနိုင်ပါတယ်။

အခုပေးမယ့် ဥပမာမှာတော့ New York မှာ ရှိနေတဲ့ ကုမ္မဏီကြီးရဲ့ ဌာနချုပ်က အလုပ်ပိုင်ရှင်ကြီး လာမှာမို့ Chicago ရုံးခွဲက မန်နေဂျာ အလုပ်ရှုပ်နေတဲ့ ဥပမာဖြစ်ပါတယ်။

"We have to put the house in order in two days. I want desks clean, the whole place looking good, and we need account balance up to date by five o'clock tomorrow afternoon."
"ကျနော်တို့ရဲ့ ရုံးမှာ နှစ်ရက်အတွင်း အားလုံးစနစ်တကျဖြစ်အောင် လုပ်ကြရမယ်။ စာပွဲတွေကို ရှင်းထား၊ နေရာတခုလုံး ကြည့်ကောင်းအောင် လုပ်ထားကြ၊ ဒါအပြင် ကျနော်တို့ရဲ့ ငွေစာရင်းတွေကိုလည်း ချိန်ကိုက်ပြီး နောက်ဆုံးအချိန်အနေထိ ပြတဲ့စာရင်းကို မနက်ဖြန် ညနေ ငါးနာရီ မှာ အားလုံးအဆင်သင့် ပြင်ထားရမယ်။"

ဒီ to put the house in order အသုံးအနူန်းကို နိုင်ငံရေးမှာလည်း သုံးစွဲနိုင်ပါတယ်။ ကိုယ်နိုင်ငံအတွင်း ကမောက်ကမ မဖြစ်ရလေအောင် အခြေအနေတွေ စနစ်တကျ ဖြစ်အောင် ဆောင်ရွက်ရမှာလည်း ဒီအသုံးကို ရည်ညွှန်းသုံးလို့ ရပါတယ်။

ဒုတိယ တင်ပြမယ့် အီဒီယံအသုံးအနူန်း To clean house ဖြစ်ပါတယ်။ To clean (ရှင်းလင်းသည်) - စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပာယ်ကတော့ အိမ်ကိုရှင်းလင်းခြင်း ဖြစ်ပါတယ်။ တံမြက်လှည်းကျင်း၊ ဖုန်းသုတ်၊ ကြမ်းတိုက်လုပ်ကိုင်ခြင်း လို့လည်း သုံးစွဲပြောဆိုနိုင်ပါတယ်။ အီဒီယံအသုံးအနူန်း သွယ်ဝိုက်အဓိပ္ပာယ် ဖွင့်ဆိုချက်မှာတော့ အပြောင်းအလဲ ကို ဖော်ဆောင်ရာမှာ အောက်ခြေသိမ်းကအစ ရှင်းလင်းဖယ်ရှားခြင်းကို ဆိုလိုပါတယ်။

အထူးသဖြင့် အာဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှု၊ မသမာမှု၊ မျက်နှာသာပေးမှု စသဖြင့်တို့ ရှိနေတဲ့ အစိုးရရဲ့ စနစ်တရပ်မှာ အားလုံး ဒီ မသမာမှုတွေ ကင်းရှင်းအောင် ပြောင်းလြဲပစ်တာ၊ အလုပ်ဖြုတ်ပြစ်တာ၊ ပင်စင်ပေးပြစ်ပြီး လူတော်လူကောင်း၊ အလုပ်လုပ်တဲ့လူ၊ အလုပ်ကိုနားလည်းတဲ့ လူတွေနဲ့ အစားထိုး လို့ရှိရင် လုပ်ငန်းဟာ ပိုမိုထိရောက် တွင်ကျယ်မှာမို့ 'အောက်ခြေသိမ်း ပြောင်းလဲပြုလုပ်တာ' ကို To Clean House လို့ ရည်ညွှန်းသုံးစွဲ နိုင်ပါတယ်။

ပထမ ဥပမာ ကတော့ နိုင်ငံရေး မဲဆွယ်လှုပ်ရှားမှုအကြောင်း ဖြစ်ပါတယ်။ အထူးသဖြင့် ဝါရှင်တန်မြို့တော်မှာ အခြေစိုက်တဲ့ ဗျူရိုကရက်တွေ ကို ရွေးကောက်ခံ ကိုယ်စားလှယ်တွေက တိုက်ခိုက်ဝေဖန် ပြောဆိုတာဟာ နိုင်ငံရေး ပရိယာယ်တခု ဖြစ်နေပါတယ်။

အခု George Crow ပေးတဲ့ ဥပမာမှာ နိုင်ငံရေးသမား ကိုယ်စားလှယ်က သူ့မိန့်ခွန်းမှာ ဒီ အကြောင်း (ခြစားမှု) ကို ပြောထားတာဖြစ်ပါတယ်။

"Folks, send me to the Congress, and I promise the first thing I will do is clean house. I will get rid off all those bureaucrats who sit around all day doing nothing, but wait for quitting time."
"မိတ်ဆွေတို့ရေ ကျနော်ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကြပါ။ ကျနော်ကို ရွေးခဲ့လို့ရှိရင် ပထမဦးဆုံး ဂတိပေးနိုင်တာကတော့ မသမာမှုတွေကို ရှင်းပေးမယ်။ တနေ့လုံး အလုပ်မှာ ထိုင်ပြီး ဘာမှ အလုပ်မလုပ်ဘဲ အလုပ်ဆင်းချိန်ကိုဘဲ စောင့်နေတဲ့ ဗျူရိုကရက်အာလုံးကို ကျနော်ရှင်းပြစ်ပေးမယ်။"

ဒုတိယ ဥပမာကတော့ မြို့ကြီးတမြို့ရဲ့ မြို့တော်ဝန်က သူ့လက်အောက်က အမှုထမ်းတွေ ပြည်သူဘဏ္ဍာ နဲ့ ပစ္စည်းတွေကို ခိုးတဲ့အကြောင်း ကြားသိရလို့ စိတ်ဆိုးဆိုးနဲ့ ပြောတဲ့အကြောင်း ဖြစ်ပါတယ်။

"I want our citizens to know I've never tolerated corruption. I am going to clean house and fire every body who was involved, and will do our best to send the worst offenders off to jail."

"ကျနော်တို့ မြို့နေလူထုကို ပြောပါရစေ။ အာဂတိလိုက်စားမှုကို ကျနော်လုံး၀ သည်းခံမှာ မဟုတ်ဘူး။ ကျနော် ဒါတွေ အားလုံးကို ရှင်းပြစ်မယ်။ (ခြစားခြင်း) ပါဝင်ပတ်သက်နေသူတိုင်းကိုလည်း အလုပ်ဖြုတ်ပစ်မယ်။ အဆိုးဆုံး ကျူးလွန်းသူတွေကိုလည်း ထောင်ချနိုင်အောင် ကျနော်တို့ အတက်နိုင်ဆုံး လုပ်ပေးမယ်။"

ဆက်စပ်သတင်းများ ...

XS
SM
MD
LG