သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့


အီရန်နိုင်ငံမှာ သမ္မတ မာမွတ်ဒ် အမာဒီနီဂျက်ဒ် (Mahmoud Ahmadinejad) ကို ဒုတိယ သမ္မတသက်တမ်းအဖြစ် တာဝန်ထမ်းဆောင်ဖို့ အတည်ပြု ထောက်ခံပြီး နာရီပိုင်းအတွင်းမှာပဲ တီဟီရန်မြို့တော်မှာ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေနဲ့ အတိုက်အခံဘက်က ထောက်ခံသူတွေဟာ တနင်္လာနေ့က ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ပါတယ်။

အီရန်အစိုးရ သတင်းမီဒီယာက သတင်းထောက်ရဲ့ အဆိုအရ တီဟီရန်မြို့က ရင်ပြင် ၂ ခုကြားမှာ စုရုံးခဲ့ကြတဲ့ ဆန္ဒပြသူ ၂,၀၀၀ လောက်ကို အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေက မျက်ရည်ယိုဗုံး သုံးပြီးတော့ လူစုခွဲခဲ့တယ်လို့ ပြောပါတယ်။

အီရန်နိုင်ငံရဲ့ အတိုက်အခံ နိုင်ငံရေး လှုပ်ရှားမှုတွေကို သတင်းပေးပို့ချက်တွေ မလုပ်နိုင်အောင် နိုင်ငံခြားသတင်းဌာနက သတင်းထောက်တွေကို အီရန်နိုင်ငံဘက်က တားမြစ်ထားပါတယ်။

အီရန် အတိုက်အခံတွေဘက်က ရွေးကောက်ပွဲ ရလဒ်တွေဟာ အလိမ်အညာတွေလို့ ပြောဆိုနေတဲ့ ကြားကပဲ အီရန်နိုင်ငံရဲ့ ထိပ်တန်းခေါင်းဆောင်ကြီးက သမ္မတ မာမွတ်ဒ် အမာဒီနီဂျက်ဒ်ရဲ့ ဒုတိယ သမ္မတသက်တမ်းကို တရားဝင် အတည်ပြု ထောက်ခံခဲ့ပါတယ်။

အယာတိုလာ အလီ ခါမေနီ (Ayatollah Ali Khamenei) က အမာဒီနီဂျက်ဒ်ကို သမ္မတအဖြစ် တီဟီရန်မြို့တော်မှာ တရားဝင် အခမ်းအနားနဲ့ အတည်ပြုခဲ့ပါတယ်။ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီးတော့ အီရန် ထိပ်တန်း ဘာသာရေးခေါင်းဆောင်ကြီးက ချီးကျူးဂုဏ်ပြု ပြောဆိုခဲ့ပါတယ်။ မစ္စတာ အမာဒီနီဂျက်ဒ်ဟာ ဗုဒ္ဓဟူးနေ့ကြရင် ပါလီမန်မှာ ကျမ်းသစ္စာ ကျိန်ဆိုမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG